ဘဝနေနည်း

ဆန့်ကျင်ဘက်တွေးခေါ်မှု၏စွမ်းအား

By HapEye.net

June 09, 2020

(The power of negative thinking)

သင်အသိနိုးကြားစွာ အပြုသဘောဆောင် စဉ်းစားသော်လည်း သင့်မသိစိတ်သည် ပတ်ဝန်းကျင်မှအရာအားလုံးကို သိမ်းယူမှတ်သားသည်။ကျွန်ုပ်တို့ခွင်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ မသိစိတ်က သူမြင်သည့်၊ ကြားသည့် အရာရာကို အမှန်အဖြစ် မှတ်ယူသည်။ သင်၏အတွေးများသည် အပြုသဘောဆောင်နေလား၊ဆန့်ကျင်ဘက်သဘောဆောင်နေလား နှိုင်းယှဉ်ချက်အချိုးကို တိုင်းတာနိုင်ရန် အောက်ပါလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။

သင်၏တစ်နေ့တာကို အစမှအဆုံးအထိ စဉ်းစားပါ။ သင် ဤစိတ်လေ့ကျင်ခန်းကိုစသည့်အခါ တစ်နေ့တာအတွက် သင့်နှိုးစက် နာရီမြည်သည့် နံနက်ချိန်မှ သင်အိပ်ရာဝင်သည့် ညအချိန်အထိ စဉ်းစားပါ။

သင်၏ စက္ခုအာရုံခရီးတိုတွင် သင့်ပတ်ဝန်းကျင်ရှိသည့်အရာများကို  သတိပြုမှတ်သားပါ။အထူးသဖြင့် –

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။