ဘဝနေနည်း

စိုးရိမ်ကြောင့်ကြမှုမှ စိတ်သက်သာရရေး ကြည်လင်ပြတ်သားစွာတွေးပါ၊ တည်ငြိမ်မှုကိုဖန်တီးပါ။

By HapEye.net

June 10, 2020

သင်၏ ရည်မှန်းချက်ပန်းတိုင်သို့ ပိုမိုနီးကပ်စွာရောက်ရှိစေမည့် အချက်တို့အပေါ် ယေဘုယျအားဖြင့် အာရုံစိုက်နိုင်မည်။

(Anxiety Relief : Think clearly and create calm)

“စိုးရိမ်ကြောင့်ကြမှုကို မိမိကိုယ်ကို ယုံကြည်မှုသို့ ပြောင်းလဲယူရန် အကောင်းဆုံးနည်းလမ်းမှာ ကြည်လင်ပြတ်သားဖို့ ဖြစ်သည်။ ကြည်လင်ပြတ်သားခြင်းသည် စိုးရိမ်ကြောင့်ကြမှု၏ဖြေဆေးဖြစ်သည်။ သင် အခြားဘာမှမလုပ်လျှင်ပင် ကြည်လင်ပြတ်သားမှု ရှိပါ”

Marcus Buckingham & Curt Coffman, Authors, First break all the rules

ဤသင်ကြားချက်သည် အထက်ပါခေါင်းစဉ်ကို အဖြည့်သဘောသက်ရောက်သည်။ ဒေါက်တာစတီဖင်ကို ဗေး၏ The Seven Habits of Highly Effective People စာအုပ်မှ ဒုတိယအလေ့အထကိုလည်းဖြည့်စွက်သည်။ ထိုဒုတိယအလေ့အထမှာ၊ ‘အဆုံးသတ်ကို စိတ်တွင်ထားပြီးစတင်ပါ’ ဖြစ်သည်။ ထိုအလေ့အထ၏အဆိုရ ကျွန်ုပ်တို့ လုပ်သမျှသည် စိတ်တွင် ကနဦးတီထွင်မှုရှိသည်။ အကယ်၍ ကျွန်ုပ်တို့ ရည်မှန်းချက် ကြည်လင်မှုပြတ်သားမှုမရှိလျှင် ရလဒ်သည် ကျွန်ုပ်တို့အတွေးကဲ့သို့ပင် ရှေ့နောက်မညီသည့်အပြင် ဝေဝါးမှုရှိမည်။

ကြည်လင်ပြတ်သားစွာ တွေးခေါ်ခြင်းသည် အခြားသူများကို ကြီးကြပ်ရသည့် တာဝန်ရှိသူများအဖို့ အထူးသဖြင့် အရေးကြီးသည်။ ကျွန်မတို့မျှော်မှန်းချက်ကို ပြတ်သားစွာ မသိလျှင် ညွှန်ကြားချက်သည် စိုးရိမ်ကြောင့်ကြမှုကို ဖြစ်ပေါ်စေသည်။ ကျွန်မတို့ မကြည်လင်မပြတ်သားသည့် မှာကြားချက်များကို အခြားလူများသို့ပေးနေလျှင် (တစ်နေ့မြူးကြွသည်၊ နောက်တစ်နေ့ကျွဲမြီးတိုနေသည်) ထိုသူတို့ကို စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်စေသည်။

သင်၏ရည်မှန်းချက်များနှင့် သင့်အပြုအမူကို လွယ်ကူရှင်းလင်းအောင် လုပ်ဖို့ ဆုံးဖြတ်ချက် ချပါ။ သင့်အတွေးကို ကြည်လင်ပြတ်သားမှု ရှိစေပါ။ သင် ယနေ့အစည်းအဝေးတစ်ခုကို စီမံခန့်ခွဲရမည်ဆိုလျှင် အောက်ပါအတွေးမျိုးဖြင့် သင့်စိတ်ကို ဗြုတ်စဗျင်းတောင်း မဖြစ်ပါစေနှင့်။

‘အင်း… ကောင်းပြီ။ ငါပြောရမယ့်အကြောင်းအရာအားလုံးကို ပြောပြီးတဲ့အခါ တခြားလူတွေကို မေးခွန်းမေးဖို့ အချိန်ပေးမယ်။ ငါ့ကဏ္ဍကို အချိန်လု လုပ်နိုင်ရင် အစည်းဝေးအချိန်မှန် ပြီးမယ်။ ပြီးရင် ငါ မေရီကို ဟိုကိစ္စနောက်တစ်ခု ပြောရဦးမယ်။ ခန်းမထဲမှာကုလားထိုင် အလုံအလောက်ရှိရဲ့လား။  တခြားဘာလိုနေပါလိမ့်…’။

ထိုသို့ တွေးမည့်အစား လွယ်ကူအောင်၊ ကြည်လင်ပြတ်သားမှုရှိအောင် အောက်ပါအတိုင်းတွေးပါ။

‘ငါ့မှာငါပြောဖို့လိုအပ်တဲ့ အာဂျင်ဒါစာရင်းရှိတယ်။ မေးခွန်းလက်ခံဖို့ အချိန်လည်းလုံလောက်တယ်။ ဒီအစည်းအဝေးရဲ့ ဦးတည်ချက်က ဒီအချက်အလက်တွေကို အသိပေးဖို့နဲ့ အစည်းအဝေးမပြီးခင် အားလုံးအနေနဲ့ ရှင်းရှင်းလင်းလင်း သိသွားဖို့ဖြစ်တယ်’။

ပထမအတွေးနှင့် ဒုတိယအတွေးကို နှိုင်းယှဉ်ကြည့်ပါက ဖိစီးမှုစိုးရိမ်ကြောင့်ကြမှု၊ မိမိကိုယ်ကိုယုံကြည်စိတ်ချမှု အတိုင်းအတာ ကွာဟချက်ကို မြင်တွေ့ရမည်။ သင်၏ စိတ်ကို ဒုန်းစိုင်းပြေးစေမည့်အစား သင်၏ ဦးတည်ချက်ကိုဖော်ဆောင်သည့် ဝါကျတစ်ကြောင်း၊ သို့မဟုတ် နှစ်ကြောင်းကို ရိုးစင်းစွာ အဖန်ဖန်ပြောဆိုခြင်းအားဖြင့်

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ်စာအုပ်မှ ကူးယူဖော်ပြထားပါသည်။