ဘဝနေနည်း

စိတ်ရှည်စွာ အခွန်အခပေးပါ

By Hnin Oo Wai

September 02, 2020

စိတ်ရှည်စွာ အခွန်အခပေးပါ

အောင်မြင်မှုကိုရဖို့ အချိန်ပေးရပါလိမ့်မယ်။ အထူးသဖြင့် ကြီးမားတဲ့ ရည်မှန်းချက်ဆိုရင် အချိန်ပိုလိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ဖို့ လိုသလို ကိုယ့်ရည်မှန်းချက် အောင်မြင်မှုအတွက် ပါဝင်ပတ်သတ်နေတဲ့ လူတွေအပေါ်မှာလည်း စိတ်ရှည်ဖို့လိုပါတယ်။ ဒီအချိန်တွေဟာ အောင်မြင်မှုအတွက် လိုအပ်တဲ့ အခွန်အခတွေ ပေးနေရတယ်လို့ ယူဆပါ။ လေ့လာသင်ကြားခြင်းကြောင့် ကုန်သွားတဲ့အချိန်တွေကို အခွန်အခပေးရတယ်လို့ ယူဆပြီး အောင်မြင်မှုကို တစ်ထစ်ချင်းရယူပါ။

ငွေကြေးကို ဖြုန်းတီးပစ်ရင် ငွေကြေးပဲ ဆုံးရှုံးပါတယ်။ အချိန်ကို ဖြုန်းတီးပစ်ရင်တော့ ဘဝပါ ဆုံးရှုံးသွားနိုင်ပါတယ်။ Michael LeBoeuf

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ  ကူးယူဖော်ပြပါသည်။

အတွေးအခေါ်