စိတ်ရဲ့ ငြိမ်သက်ခြင်း
လူတွေဟာ အဆင့်အတန်းမြင့်တဲ့ ဘဝကို နေချင်ကြတယ်။ အဆင့်အတန်းမြင့်တဲ့ ဘဝဆိုတာ လူအထင်ကြီးခံရတဲ့ ဘဝလို့ လူတွေကထင်မိကြတယ်။ ဘာဖြစ်လို့ ဒီလိုထင်လဲဆိုတော့ သူတို့နှစ်ခုက ထပ်နေလို့ပါ။ လူအထင်ကြီးတယ် ဆိုတာကို ခွာချလိုက် ဖယ်ချလိုက်ပါ။ အဲ့ဒီအခါကျမှ တကယ့် အဆင့်အတန်းမြင့်တဲ့ ခံစားမှုကိုသိရမယ်။ တကယ် အဆင့်အတန်းမြင့်တယ်ဆိုတာ ဘဝက . . .
ရိုးနေတာရှင်းနေတာသန့်နေတာဖြူစင်နေတာငြိမ်းချမ်းနေတာငြိမ်သက်နေတာပါ
အဲ့ဒီထဲမှာ ဗဟုသုတတွေ အများကြီးရှိတာလည်းမပါဘူး။ စာအုပ်တွေ အများကြီး ဖတ်ဖူးတာလည်း မပါဘူး။ နိုင်ငံပေါင်းစုံ ရောက်ဖူးတာလည်း မပါဘူး။ ပိုက်ဆံတွေအများကြီး ရှာနိုင်တာလည်း မပါဘူး။ ဝင်ငွေတွေအများကြီး ရှိတာလည်း မပါဘူး။ လူသိများ ကျော်ကြားတာလည်း မပါဘူး။ တကယ် အဆင့်အတန်းမြင့်တဲ့ ဘဝဆိုတာ . . .
စစ်မှန်ခြင်းရိုးရှင်းခြင်းသန့်စင်ခြင်းစင်ကြယ်ခြင်းငြိမ်းချမ်းခြင်းငြိမ်သက်ခြင်း တွေရှိနေတာကို ခေါ်တာပါ . . .
ဆရာမထက်ထက်ထွန်း ရေးသားသော “စိတ်ရဲ့ ငြိမ်သက်ခြင်း” စာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။