သုတ

စာဖတ်ပါ။

By HapEye.net

March 25, 2025

စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာတည်ငြိမ်ရင့်ကျက်လာတတ်ပြီးဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့ မအံ့ဩတတ်ကြတော့ဘူး။အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီးတကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။

ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီးကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီးချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။

စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့်ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။

စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့် အရေးကြုံလာတဲ့အခါ ပြန်ပြီး အမှတ်ရစေပါတယ်။

ဥပမာ..ကျန်းမာရေးစာပေတွေဖတ်ထားသူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်လာတဲ့အခါဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။စကားပြောကောင်းလာလိမ့်မယ်။စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။လူတွေကကိုယ့်ကို အထင်ကြီးစေလိုတာကြောင့် နေရာတကာမှာဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊ ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေကသင့်ကို “လေကြီး”လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။

စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာအထင်ကြီးစရာကောင်းနေပါလိမ့်မယ်။သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာတစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ ဖတ်ပြီးကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့ လူတစ်ယောက် မဖြစ်နိုင်သေးပါဘူး။

လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။စာဖတ်ခြင်းက သင့်ကို မယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံတွေပေးပါလိမ့်မယ်။အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ .

.၁- အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိအဲ့လိုဖတ်ပေးခြင့်ကြောင့် အောင်မြင်သူတွေရဲ့အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။

၂- ပညာရပ်ဆိုင်ရာစာပေများအင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ ဖတ်မကုန်အောင် တစ်ပုံ တစ်ပင်ရှိပါတယ်။စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။

၃- စိတ်အားတက်ကြွစေမယ့် စာပေသင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့ တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်အဆုံးပေါများလှတယ်။တက်ကျမ်းတွေကို ဖတ်ပါများလာရင်သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။

၄- ရသစာပေရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။ ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလိုတိုတိုတုတ်တုတ်နဲ့ မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာလိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။ ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာလူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။

၅- ဟာသစာပေပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကိုဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။

၆- ဘာသာရေးစာပေစိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။ လိုချင်တပ်မက်မှုစတဲ့တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။

#openmoreonline