ဘဝနေနည်း

စက်ခေါင်းအနီလေး

By Hnin Oo Wai

August 29, 2020

စာရေးသူတို့ငယ်စဉ်က သူငယ်တန်းမှာ ‘စက်ခေါင်းအနီလေး’ပုံပြင်ကို စကြားဖူးပါတယ်။ စက်ခေါင်းအနီလေးက အလွန်မြင့်မားတဲ့တောင်ကုန်းကြီးကို ကျော်ချင်ပါတယ်။ အများက မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ စက်ခေါင်းအနီလေးကတော့ ‘ငါလုပ်နိုင်မယ်ထင်ပါတယ်’လို့ တတွတ်တွတ်ပြောရင်း ပြင်းပြတဲ့စိတ်နဲ့ တောင်ကုန်းကြီးကိုကျော်ဖို့ကြိုးစားပါတယ်။ ပြန်လိမ့်ကျလိုက် ပြန်တက်လိုက်နဲ့ ကျားကုတ်ကျားခဲ ကြိုးစားလိုက်တာ နောက်ဆုံးတော့ တောင်ကုန်းကြီးကို ကျော်နိုင်ပါတယ်။ ကိုယ့်ရည်မှန်းချက်ကိုအောင်မြင်အောင်ကြိုးစားရင်း အခက်အခဲတွေနဲ့တွေ့တိုင်း ဒီစက်ခေါင်းအနီလေးပြောတဲ့အတိုင်း ကိုယ့်ကိုယ်ကို “ငါလုပ်နိုင်ရမယ်၊ ငါလုပ်နိုင်ရမယ်လို”့ အားပေးပါ။ စစချင်းတော့ ကြောင်တောင်တောင်နိုင်တယ်လို့ ထင်ရပေမယ့် ရေရှည်မှာတော့ ယုံကြည်မှုတွေ ပြည့်လာပါလိမ့်မယ်။

မိမိကိုယ်မိမိ ယုံကြည်မှုရှိမှ ကြီးမားတဲ့ အောင်မြင်မှုကို ရပါလိမ့်မယ်Samuel Johnson

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်