သုတ

ငွေကို ဉာဏ်နဲ့ ယှဉ်ပြီး ဘယ်လို သုံးမလဲ ( Method 3 )

By HapEye.net

March 17, 2020

Method 3 – အလွန်အကျူး သုံးစွဲမိခြင်းမှ ရှောင်ကြဉ်ခြင်း

ငွေကို ဉာဏ်နဲ့ ယှဉ်ပြီး ဘယ်လို သုံးမလဲ ( Method 3 ) ၁။ အိမ်မှာစားပါ။

      အဆွေရဲ့ တည်ခင်းမှု အတော်များများကို အိမ်မှာပဲ ပြုလုပ်သင့်ပါတယ်။ တစ်ပတ်တာအတွင်း သုံးလေးသောင်းလောက်ကို အစားအသောက်အတွက် ကုန်ကျတာက ငါးထောင်ခြောက်ထောင်လောက်နဲ့ တစ်ပတ်အတွင်း ခဏခဏ ထွက်စားတာထက်တော့ အများကြီးပိုပြီး သက်သာပါတယ်။

၂။ ပါကင်လိုက်တွေ ဝယ်ယူပါ။

      ကုန်စုံဆိုင်အချို့ဆိုရင် ပါကင်လိုက်ကို ပိုအသားပေးပြီး ရောင်းချလေ့ ရှိပါတယ်။ လတစ်လရဲ့ ကနဦး အစမှာ အိမ်သာသုံးတစ်ရှူး၊ စနိုးတာဝါ စသည်ဖြင့် ပါကင်လိုက် ဝယ်ယူဖြည့်တင်းထားပါ။

      မပုပ်မသိုးနိုင်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ အခြားအရာတွေကိုလည်း ဒီနည်းနဲ့ ဝယ်ယုူနိုင်ပါတယ်။ အဆွေ့မှာသာ အခြေခံ စားသောက်ကုန်တွေနဲ့ မီးဖိုချောင်သုံး ရေချိုးခန်းသုံး ပစ္စည်းတွေသာ လက်ဝယ်ရှိနေမယ်ဆိုရင် ဈေးဝယ်ထွက်တဲ့နေရာမှာ အများကြီးပိုပြီး သက်သာလာပါလိမ့်မယ်။

၃။ အပျော်အပါးအတွက် ဈေးမဝယ်ပါနဲ့။

      ဘာလို့ဆိုတော့ အဆွေ တကယ် မလိုချင် မလိုအပ်တဲ့အရာတွေအတွက် ကုန်ကျသွားမိအောင် ဆွဲဆောင်နိုင်လို့ပါပဲ။ အင်္ကျီအသစ်တစ်ထည်က လက်ရှိမှာတော့ ဝယ်ယူဖို့ ထိုက်တန်နေနိုင်ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသား စဉ်းစားပါ။ အဆွေ အင်္ကျီအသစ်ဝယ်ဖို့ လိုအပ်နေရဲ့လား။

      ဒါက အလကားမရနိုင်တဲ့အတွက် ကုန်ကျမှုကတော့ ရှိမှာဖြစ်ပါတယ်။ ဒါတွေကို ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။

      ဒါပေမယ့် အဆွေ တစ်လစာအတွက် သတ်မှတ်ထားတဲ့ ဘတ်ဂျက်ထက်တော့ မကျော်လွန်ပါစေနဲ့။

      ဒီနည်းအားဖြင့် အဆွေနှစ်ခြိုက်တာကို ဘက်ဂျက်ကိုလည်း မထိခိုက်စေဘဲ  ပြုလုပ်နိုင်ပါတယ်။

၄။ အထူးကိရိယာတွေကို ရှောင်ကြဉ်ပါ။

      အဆွေရဲ့ လက်တွေ အကောင်းပကတိရှိနေစဉ်မှာ လိမ္မော်သီးခွာဖို့ အထူးကိရိယာ မလိုအပ်သေးပါဘူး။

      ဒီလိုမျိုးပစ္စည်းတွေက လက်ဆောင် အနေနဲ့ရမယ်ဆိုရင်တော့ ပျော်ရွှင်စရာပါ။ ဒါပေမယ့် ကိုယ့်ဘာသာဝယ်ယူဖို့ကတော့ လုံးဝမသင့်တော်တဲ့အထဲမှာ ပါပါတယ်။

၅။ ဝယ်ယူမှုတွေ အတွက် ကြိုတင် စာရင်းပြုလုပ်ပါ။

ဒါကတော့ WikiHow to use money wisely ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာပါ။ မြန်မာ့လူနေမှုစနစ်နဲ့ မကိုက်ညီတာတချို့ကိုတော့ ချန်ရစ်ထားခဲ့ပါတယ်။ ဒီစာစုကို ဖတ်ပြီး အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းနိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုလိုက်ပါတယ်။

ငွေကို ဉာဏ်နဲ့ ယှဉ်ပြီး ဘယ်လို သုံးမလဲ ( Method 3 )

Written by Swan Htet (HapEye.Net)

အပြည့်အစုံအား Download ခလုတ်ကိုနှိပ်၍ ရယူနိုင်ပါသည်။  

သုတ

Open More Online