… ငွေကို ဉာဏ်နဲ့ ယှဉ်ပြီး ဘယ်လို သုံးမလဲ …
ပိုက်ဆံက လူများစုကို စိုးရိမ်ပူပန်စေတဲ့ အဓိကအရာပဲ ဖြစ်ပါတယ်။ ငွေကို အလွန်အကျွံသုံးစွဲဖို့ လွယ်ကူပြီး အမြဲတမ်းလည်း သုံးစွဲပြီးမှပဲ နောင်တရတတ်ကြတယ်။တကယ်လို့ စာဖတ်သူအဆွေက အဆွေရဲ့ပိုက်ဆံကို စနစ်တကျ စီမံခန့်ခွဲချင်တယ်ဆိုရင်ဖြင့် ဝင်ငွေ ထွက်ငွေစာရင်းတစ်ခု လုပ်ကိုလုပ်ရပါမယ်။ အဆွေ တစ်လစီအတွက် ဘယ်လို မျှမျှတတ သုံးခဲ့လဲဆိုတာကို ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ ဒီလိုကနေ အဆွေ့ ပိုက်ဆံကို သုံးစွဲဖို့ ထိုက်တန်တဲ့ ရွေးချယ်မှုတွေအတွက်ပဲ ဖြစ်အောင်လုပ်ရပါမယ်။အဆွေ့ရဲ့ ပိုက်ဆံကို အမှန်တကယ်လိုအပ်ပြီး အမှန်တကယ် အဆွေ့ကို နှစ်သက်စေတယ်ဆိုမှ သုံးစွဲလိုက်ပါ။ နောက်ဆုံးအနေနဲ့ အဆွေ့ရဲ့ ဖြုန်းတတ်တဲ့ အကျင့်ကို တားဆီးနိုင်ဖို့အတွက် နည်းလမ်းအချို့ကို ဆောင်ရွက်လိုက်ရအောင်။ အဆွေ့ရဲ့ လုပ်ရိုးလုပ်စဉ်ကို သေးငယ်တဲ့ အပြောင်းအလဲလေးတွေနဲ့ စတင်လိုက်ပါ။ ယခင်ကထက် အိမ်က အစားအစာတွေကို ပိုပြီးခုံမင်ကြည့်ခြင်း စသလိုတွေပေါ့။ ဒါက တစ်လလောက် စမ်းလုပ်ကြည့်လိုက်တာနဲ့ အဆွေ့ကို အများကြီး သက်သာစေပါလိမ့်မယ်။ ကျွန်တော်တို့ ဆက်ပြီး လေ့လာလိုက်ရအောင်…..
Method 1 – ဉာဏ်ရှိရှိ သုံးစွဲတတ်သည့် အလေ့အထကို ဖွံ့ဖြိုးစေခြင်း ၁။ ရုပ်ပိုင်းဆိုင်ရာ ကုန်ပစ္စည်းတွေထက် အတွေ့အကြုံများအပေါ် သုံးစွဲခြင်း
- ပိုပြီးတော့ ပညာရှိတဲ့ လုပ်ရပ်ပါ။ ရုပ်ပစ္စည်းတွေအပေါ်မှာထက် အတွေ့အကြုံတွေအပေါ်မှာ သုံးစွဲတာက ပိုကောင်းတဲ့ idea ပါ။ ဧည့်ခန်းအတွက် ဈေးကြီးတဲ့ အောက်စက် ကောင်းကောင်းတစ်လုံးကို ဝယ်လိုက်တာထက် ပိတ်ရက်မှာ အနီးအနားက မြို့တစ်ခုကို သွားရောက် လည်ပတ်လိုက်တာမျိုးပေါ့။ အတွေ့အကြုံတွေက အဆွေနဲ့အတူ ရှိနေလေ့ ရှိပါတယ်။ သူတို့က အဆွေရဲ့ အချိန်ကုန်ဆုံးမှုကို အဓိပ္ပာယ်အသစ်တွေနဲ့ ချိုမြိန်စေပါလိမ့်မယ်။
ပြီးတော့ ပျော်ရွှင်ကြည်နူးဖွယ် အမှတ်တရသစ်တွေကိုလည်း အဆွေ ရှာဖွေတွေ့ရှိနိုင်ပါသေးတယ်။ ရုပ်ဝတ္ထုပစ္စည်းတစ်ခုရဲ့ သစ်လွင်မှုဟာ အချိန်တွေ ကုန်ဆုံးလာတာနဲ့ အမျှ ပျောက်ကွယ်သွားပါလိမ့်မယ်။ အထူးသဖြင့် အစားအသောက်တွေပေါ့။ အတွေ့အကြုံရဲ့ လတ်ဆတ်ချိုမြိန်မှုကတော့ တော်တော်ကြာတဲ့အထိကို သစ်လွင်နုပျိုနေတတ်ပါတယ်။
- တကယ်တော့ အဆွေက တစ်လစာဝင်ငွေရဲ့ အတော်များများကို ကုန်ပစ္စည်းတွေအပေါ်မှာထက် ကြီးမားတဲ့ အတွေ့အကြုံတွေအပေါ်မှာ သုံးဖို့ အလိုရှိကောင်း ရှိနေပြီးသားလည်း ဖြစ်နိုင်ပါတယ်။
ဥပမာအားဖြင့် အဆွေနဲ့ အဆွေ့ချစ်ချစ်တို့ရဲ့ လစဉ် dinner ကို အဆုံးရှုံးခံပြီးတော့ စုထားတာမျိုးပေါ့။ ကောင်းပါတယ်။ အဆွေစုထားတာတွေကို မိသားစု ပျော်ပွဲစား ခရီးစဉ်အတွက်အသုံးချနိုင်ပါတယ်။
၂။ အရသာရှိသော အငယ်စား ပျော်ရွှင်မှုများ
- အဆွေ ဝယ်ယူမှုတွေပြုလုပ်တဲ့အခါ တချို့သော ဇိမ်ခံပစ္စည်းတွေကို ပျော်ရွှင်မှုလေး အနည်းငယ်အတွက်နဲ့ မဝယ်ပါနဲ့။ လူတွေက သူတို့ ဝယ်ယူမှုတွေပြုလုပ်တဲ့အခါ ဒါမှမဟုတ် အတွေ့အကြုံတစ်ခုခုကို ခံစားတဲ့အခါ ငွေများများ သုံးလိုက်တာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပိုပြီးတော့ ပျော်ရွှင်ဖွယ်ကောင်းမယ်လို့ ထင်တတ်ကြတယ်။
တကယ်တော့လည်း ဒါက အမှန်ကန်ကြီး မဟုတ်ပါဘူး။ တကယ်တမ်းတော့ သူတို့က သေးငယ်ပြီး ဈေးသိပ်မကြီးတဲ့ဟာတွေကို ကြီးမားပြီး ဈေးမြင့်တာမျိုးတွေထက် ပိုပြီးတော့ နှစ်သက်ကြပါတယ်။
- ဘတ်စကတ်ဘော ပွဲတစ်ခုမှာ ရှေ့တန်း လက်မှတ်တွေ ဝယ်ကြည့်မယ့်အစား အနောက်ဘက်မှာပဲ ထိုင်ပြီးတော့ နှစ်ခါသွားကြည့်လိုက်ပါ။ ဈေးကြီးလက်မှတ်တစ်စောင်ရဲ့ တန်ဖိုးနဲ့ အဆွေနှစ်ခါ လမ်းလျှောက်ဖြစ်ပါတယ်။ ဒါကလည်း အဆွေ့ရဲ့အချိန်တွေကို ဖိအားကင်းကင်းနဲ့ပဲ လှပစေမှာပါ။
တကယ်လို့ တစ်ခုတည်းအပေါ်မှာပဲ အများကြီးသုံးလိုက်မိတယ်ဆိုရင် အဆွေ ၎င်းကို ခံစားဖို့ ဖိစီးမှုတွေနဲ့ မသက်မသာ ဖြစ်နေနိုင်ပါတယ်။ ဒါဆိုရင်တော့ တစ်ခုခုက မသိမသာ မှားယွင်းနေပါပြီ။
- အစားအသောက်နဲ့ ပတ်သတ်ရင်တော့ အပြင်မှာ ထွက်စားပြီဆိုရင် အဆွေ သိပ်မဖြုန်းတီးမိဖို့ လိုပါတယ်။ ပွဲကြီကြီးတွေ ဝယ်စားမယ့်အစား နှုတ်မြိန်စာလောက်ပဲ စားလိုက်ပါ။ အဆွေ့ကို အနည်းငယ်လေးကပဲ အများကြီးလို ပျော်ရွှင်စေပါလိမ့်မယ်။ မဟုတ်ရင်တောင် အကြီးစားဇိမ်ခံမှုထက် ပိုပြီးကျေနပ်စေပါလိမ့်မယ်။
တစ်ခါတည်းမှာပဲ အဆွေဟာ ပိုက်ဆံချွေတာပြီးသားလည်း ဖြစ်သွားပါတယ်။
၃။ အလွန်အကျွံ ကုန်ကျစရိတ်တွေကို တားဆီးပါ။
- တကယ်လို့ အဆွေက တစ်ခုခုကို ဝယ်ယူဖို့ စီစဉ်နေတယ်ဆိုရင် ကြာကြာလေးသာလုပ်ပါ။ လေ့လာမှုတွေအရ လူတွေဟာ ဖြစ်စဉ်တစ်ခု ဖြစ်ပွားနေတဲ့အချိန်ထက် အဲဒီဖြစ်စဉ်ကို စောင့်စားနေတဲ့ အချိန်မှာ ပိုပြီး ပျော်ရွှင်လေ့ရှိပါတယ်။ ဒါကြောင့် နည်းနည်းလောက်ပိုပြီး စောင့်ဆိုင်းခြင်းဖြင့် အဆွေရဲ့ ပိုက်ဆံကနေ ပျော်ရွှင်မှုကို ပိုပြီးတော့ ရနိုင်ပါတယ်။
တကယ်လို့ အဆွေဟာ ကိုယ့်ကိုယ်ကို ကုစားမှုတစ်ခုလို့ နားလည်မယ်ဆိုရင် မျှော်မှန်းစောင့်စားခြင်းနဲ့အတူ လက်ရှိမှာ သုံးဖြုန်းခြင်းကို ပိုပြီးတော့ လျှော့ချနိုင်ပါလိမ့်မယ်။ တကယ်လို့ အဆွေ့ချစ်ချစ်ကို အဆွေတို့ရဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အတွက် လာမယ့်လမှာ အရမ်းဈေးကြီးတဲ့ စားသောက်ဆိုင် တစ်ခုကို ခေါ်သွားတော့မယ်လို့ စိတ်ကူးထားရင် လက်ရှိကာလမှာ အစားအသောက်အတွက် အဆွေ လျှော့သုံးမိပါလိမ့်မယ်။
- ဒီလိုပါပဲ ဝယ်ယူမှုအချို့မှာလည်း အဆွေသာ စောင့်စားနေရင် ဈေးတွေက ကျကောင်းကျသွားနိုင်ပါတယ်။ ဥပမာအားဖြင့် အဆွေက နောက်ဆုံးထွက် i-phone တစ်လုံးလောက်ဖြင့် လိုချင်တယ်ပေါ့။
စောင့်စားလိုက်ခြင်းအားဖြင့် ဖုန်းတွေရဲ့ သဘာဝအရ ဈေးကျသွားနိုင်တဲ့အတွက် အဆွေ ပိုပြီးသက်သာသွားနိုင်ပါတယ်။
၄။ အားလုံးကို ရေးချလိုက်ပါ။
- အဆွေ မှတ်စုတစ်အုပ်လောက်ထားပြီး ကုန်ကျစရိတ်တွေ အားလုံးကို ရေးချပါ။ အဆွေ ဘယ်လို သုံးနေလဲဆိုတာကို ကိုယ့်ကိုယ်ကို အစီရင်ခံတဲ့သဘောပေါ့။
အဆွေ ခက်ခက်ခဲခဲ ရှာဖွေထားတဲ့ ပိုက်ဆံတွေက အရေးမပါတဲ့ ဝယ်ယူမှုတွေအတွက် ဘယ်လောက်တောင် ကုန်ကျသွားတယ်ဆိုတာကို နားလည်လာတာနဲ့ အမျှ အဆွေ့ ဖြုန်းတီးမှုတွေ လျော့ပါးလာတာကို သတိထားမိပါလိမ့်မယ်။
- အဆွေ နေ့လည်စာအတွက် ဘယ်လောက်သုံးခဲ့လဲဆိုတာ မှတ်ထားပါ။ ပြီးတော့ ကော်ဖီအတွက်နဲ့ ကားခအတွက်ရောပေါ့။ မှတ်ထားတဲ့ ကိန်းဂဏန်းတွေကို တစ်နေ့တာ ကုန်ဆုံးသွားတဲ့အခါ ပေါင်းကြည့်ပါ။ တစ်နေ့တာ ကုန်ကျမှုတွေကို တစ်ပတ်တာကုန်သွားတဲ့အခါ ထပ်မံပေါင်းထည့် တွက်ချက်ပါ။
- နောက်တော့ အဆွေ့ ကုန်ကျစရိတ်တွေ တော်တော်နည်းသွားတာကို အံ့အားသင့်မိပါလိမ့်မယ်။ ပြီးတော့ ဝယ်ယူဖြန်းတီးမှုတွေကို အလွယ်တကူ ရှောင်ကြဉ်လာနိုင်ပါလိမ့်မယ်။
ဥပမာအားဖြင့် တစ်ပတ်ကိုု ငါးရက်တက်ရတဲ့ အဆွေရဲ့အလုပ်ကို အသွားမှာ ကော်ဖီအတွက် ငါးရာကျပ် ပုံမှန်သုံးလေ့ရှိတယ် ဆိုပါတော့။ တစ်ပတ်ဆိုရင် နှစ်ထောင့်ငါးရာ ဖြစ်လာပြီ။ တစ်လဆိုရင် တစ်သောင်းတောင်ဖြစ်သွားပြီ။ အဆွေ ဒီပိုက်ဆံကို ဓာတ်ဘူးအတွက် ရင်းနှီးလိုက်ပြီး ကော်ဖီကို အိမ်ကနေပဲ ဖျော်လာလိုက်တာနဲ့ အဆွေ အများကြီး သက်သာသွားနိုင်ပါပြီ။
အပြည့်အစုံအား Download ခလုတ်ကိုနှိပ်၍ ရယူနိုင်ပါသည်။