ငါ့အတွက် ငါရှိတယ်
ရောင်နီကို မြင်တွေ့ရဖို့ မနက်ခင်းတွေအတွက် ကိုယ်ရှိနေဖို့လိုတယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့လိုတယ်။ ပြောင်းလဲတတ်တဲ့ လူတွေကို ပြုံးပြုံးကလေး ကြည့်နေနိုင်ဖို့ ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့လိုတယ်။ မျက်ရည်တွေကို ခွန်အားအဖြစ် ပြောင်းလဲနိုင်ဖို့ ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့လိုတယ်။ ကိုယ်ထင်သလို ဖြစ်မလာတဲ့အခါ ထပ်ကြိုးစားရုန်းကန်နိုင်ဖို့ ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့လိုတယ်။
ဘယ်သူမှ အနားမရှိတော့တဲ့အခါ ကိုယ့်ဘာသာ ရှင်သန်ဖြစ်တည်ဖို့ ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့လိုတယ်။ ပြိုလဲမှုတွေ အခါခါ ကြုံရတဲ့အခါ ထပ်ခါထပ်ခါ ပြန်ထနိုင်ဖို့ ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့လိုတယ်။ ကိုယ့်ဖြစ်တည်မှုကို ဘယ်သူမှ လက်မခံနိုင်တဲ့အခါ ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့လိုတယ်။ တစ်ခုခုအတွက် မရပ်တည်နိုင်တော့လို့ သတ်သေဖို့ စိတ်ကူးမိတဲ့အခါတိုင်း ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့လိုတယ်။
ဘဝမှာ စိတ်ဓာတ်တွေကျဖူးပါသလား?ဘယ်သူမှ အနားမှာမရှိဘူး ငါတစ်ယောက်ထဲလို့ ဝမ်းနည်းအားငယ်ဖူးပါသလား?ငါ့ကျမှ ခဏခဏ ကံဆိုးလေခြင်းလို့ တွေးဖူးပါသလား?အဲ့ဒီအတွေးတွေကို ခုပယ်ချလိုက်ပါငါ့အတွက် ငါရှိတယ်ငါ့ဘဝကို ငါစီမံခွင့်ရှိတယ်ငါပြိုလဲတဲ့အခါ ထူမတ်ဖို့ ငါရှိတယ်ကိုယ့်အတွက် ကိုယ်ရှိတယ်
သန်မာလိုက်ကြရအောင် ………..
ဆရာလင်းရောင်စင် ၏ “ငါ့အတွက်ငါရှိတယ်” စာအုပ်မှ ကူးယူဖော်ပြပါသည်။