ငါ့အတွက် ငါရှိတယ်ငါပြိုလဲတဲ့အခါ ထူမတ်ပေးဖို့ ငါရှိတယ်..
ငါလမ်းပျောက်နေတဲ့အခါ လမ်းစပြန်ရှာဖို့ ငါရှိတယ်..
ငါငိုကြွေးရတဲ့အခါ မျက်ရည်သုတ်ပေးဖို့ ငါရှိတယ်..
ငါမှောင်မိုက်နေတဲ့အခါ အလင်းရဖို့ ငါရှိတယ်..
ငါကြေကွဲရတဲ့အခါ နှစ်သိမ့်ပေးဖို့ ငါရှိတယ်..
ငါသတ်သေချင်တဲ့အခါ တွန်းကန်ရှင်သန့်ဖို့ ငါရှိတယ်..
ငါကောင်းမွန်ရှင်သန်စွာ ရှိနေဖို့ ငါရှိကို ရှိနေရပါမယ်..
“တစ်ယောက်တည်းလျှောက်ခဲ့တဲ့ လမ်းပါပဲတစ်နေ့တော့ရောက်မှာပါပဲ။မရောက်တော့ကောယုံကြည်ချက်နဲ့ လျှောက်ခဲ့တဲ့လမ်းဘယ်လောက်အရသာရှိပါသလဲ” တဲ့ …ကဲ…ငါ့အတွက်တော့ ငါကအမြဲတမ်း ရှိနေမှာပဲ မဟုတ်လား။
ဆရာလင်းရောင်စင် ၏ “ငါ့အတွက် ငါရှိတယ်” စာအုပ်မှ ကူးယူဖော်ပြပါသည်။