ငါ့အတွက် ငါရှိတယ် (၄)
မလိုပါဘူး မိတ်ဆွေ ဟန်ဆောင်ပြီး မရယ်ပြပါနဲ့ပါးညောင်းနေဦးမယ်
ငါ့အတွက် ငါရှိတယ်ငါအကုန်လုပ်နိုင်တယ်ငါတစ်ယောက်တည်းလည်းငါ့ဘဝကိုငါ စိတ်တိုင်းကျ ထုဆစ်နိုင်တယ်
ချစ်သူမရှိလည်း ရတယ်ဖေးမမယ့်သူ မရှိလည်း ဖြစ်တယ်အန္တရာယ်တွေများလည်း ငါဆက်လျှောက်ရမှာပဲ
မပြိုင်ပါဘူး …မယှဉ်ပါဘူးဘယ်သူနဲ့မှ မပြိုင်လိုပါဘူးငါ့ရဲ့ပြိုင်ဘက်ကလည်း ငါကိုယ်တိုင်ပဲငါ့ကိုယ်ငါပဲ ကိုးစားတယ်
ငါ လူတိုင်းကို စိတ်ရင်းနဲ့ဆက်ဆံတယ်ရိုးသားမှုအပေါ်အသုံးချသွားလည်းသိပ်လွမ်းစရာမရှိပါဘူး …ငါ့အတွက် သင်ခန်းစာတစ်ခုရသွားတာပေါ့
အတုအယောင်တွေ သိပ်မလိုအပ်ပါဘူးမွေးကတည်းက တစ်ယောက်တည်းပဲ
ငါ့ကို အားနာပြီး ဟန်ဆောင်မပြုံးပြပါနဲ့ မိတ်ဆွေ ..ပါးညောင်းနေပါဦးမယ် …။
ဆရာလင်းရောင်စင် ၏ “ငါ့အတွက် ငါရှိတယ်” စာအုပ်မှ ကူးယူဖော်ပြပါသည်။