ကဗျာ

ငါ့အတွက်ငါရှိတယ်

By Myo Aye San

April 25, 2025

ငါပြိုလဲတဲ့အခါ ထူမတ်ပေးဖို့ ငါရှိတယ်၊

ငါလမ်းပျောက်နေတဲ့အခါ လမ်းစပြန်ရှာဖို့ ငါရှိတယ်၊

ငါငိုကြွေးရတဲ့အခါ မျက်ရည်သုတ်ပေးဖို့ ငါရှိတယ်၊

ငါမှောင်မိုက်နေတဲ့အခါ အလင်းရဖို့ ငါရှိတယ်၊

ငါကြေကွဲရတဲ့အခါ နှစ်သိမ့်‌ပေးဖို့ ငါရှိတယ်၊

ငါသတ်သေချင်တဲ့အခါ တွန်းကန်ရှင်သန်ဖို့ ငါရှိတယ်၊

ငါကောင်းမွန်ရှင်သန်စွာ ရှိနေဖို့ ငါရှိကို ရှိနေရပါမယ်…။

ငါ့အတွက်ငါရှိတယ် (လင်းရောင်စင်) စာအုပ်မှကူးယူဖော်ပြပါသည်။