Online education concept banner with characters. Can use for web banner, infographics, hero images. Flat isometric vector illustration isolated on white background.

ဘဝနေနည်း

ငယ်ရွယ်နုပျိုခြင်းနှင့် အချိန်ကာလ

By Hnin Oo Wai

September 15, 2020

ငယ်ရွယ်နုပျိုခြင်းနှင့် အချိန်ကာလ

ငယ်ရွယ်သော ဆယ်ကျော်သက်အချို့အနေဖြင့် ငယ်ရွယ်စဉ်မှာပင် ရည်မှန်းချက်ထား၍ အောင်မြင်မှုရအောင် အချိန်နှင့်တစ်ပြေးညီ ကြိုးစားတတ်ကြသည်။ အချို့ကလည်း ငယ်ရွယ်စဉ်အချိန်ကာလတွင် ကြိုးစားမှုမရှိဘဲ စိတ်တိုင်းကျပြုမူ နေထိုင်တတ်ကြသည်။ ရည်မှန်းချက်ကြီးသူတို့နှင့် မတူသော စရိုက်လက္ခဏာကြောင့် ငယ်ရွယ်သူအများစုသည် လောင်းကစားခြင်း၊ ဦးတည်ရာမဲ့စွာ လေလွင့်ခြင်း၊ ရှော့ပင်းမောများတွင် သုံးဖြုန်းဝယ်ယူခြင်း တို့ဖြင့် အချိန်ကုန်တတ်သည်။

ဘဝတစ်သက်တာအတွင်း တိုးတက်မှုရယူလိုသော လူငယ်များအနေဖြင့် ငယ်ရွယ်စဉ် အချိန်ကာလများအား အကျိုးရှိရှိ အသုံးချကာ တိုးတက်မှုရှာကြံတတ်ကြသည်။နေရာတိုင်း၌ ထောက်ပံ့မှုဆိုင်ရာ အရင်းအမြစ်များ ရှိနေကြသည်။ ထိုအရင်းအမြစ်များအား ကောင်းမွန်စွာ အသုံးချနိုင်ခြင်းဖြင့် ဘဝတစ်သက်တာ သူတကာထက် တစ်ပမ်းသာသည့် အခြေအနေအဆင့်အတန်းသို့ ရောက်ရှိတတ်သည်။ ဘဝအဆင့်အတန်း မြင့်မားပြည့်စုံသည်နှင့် ပျော်ရွှင်မှုများ အဆက်မပြတ်ခံစားရမည်ဖြစ်သည်။

အောင်လှိုင် ဘာသာပြန်သော Why Worry ? Be Happy ! စာအုပ်မှ ကူးယူဖော်ပြထားပါသည်။