သုတ

ဂျွန်ဟာရိုးလ်ဂျွန်ဆင်

By Hnin Oo Wai

August 26, 2020

ဂျွန်ဟာရိုးလ်ဂျွန်ဆင် (John Harold Johnson ) (၁၉၁၈)သည် လူမည်းဆင်းရဲသားလေး ဘဝမှ အမေရိကန် ပုံနှိပ်ထုတ်ဝေရေးလောက၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဘဝသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ လူမည်းများအတွက် အဓိက ဦးတည်ထုတ်ဝေသည့် သူ၏ နီဂရိုး ဒိုင်ဂျက်(စ)၊ အက်ဗနီ၊ ဂျက်၊ ဘလက်စတား စသည့်မဂ္ဂဇင်း စာစောင်များသည် အမေရိကန်ပြည်၌ အကြီးအကျယ် ရေပန်းစားခဲ့သည်။ အသက် ၃၀ ကျော်စ ၁၉၅၁ ခုနှစ်မှာပင် သူသည် အမေရိကန်ပြည်၏ အထူးခြား အထင်ရှားဆုံး လူငယ် ၁၀ ဦးစာရင်းဝင် ဖြစ်ခဲ့သည်။နောက်ပိုင်း၌ စာအုပ်ထုတ်ဝေရေးလုပ်ငန်းသာမက အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ရေဒီယိုအသံလွှင့် လုပ်ငန်းများတွင်ပါ အောင်မြင်ခဲ့သည်။

ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်မယ်၊ ကိုယ်ရွေးချယ်ထားတဲ့ပွဲကို ကိုယ်ဝင်ပြိုင်ဖို့ ဇွဲနပဲလည်း ရှိမယ်ဆိုရင် အောင်ပွဲဆိုတာပြေးမလွတ်ဘူး

-ဖေမြင့် ရေးသားသော မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။