သမိုင်း

ဂျော့ဝါရှင်တန် (၁၇၃၂ – ၁၇၉၉)

By Hnin Oo Wai

August 17, 2020

ဂျော့ဝါရှင်တန် သည် ‘နိုင်ငံတော်၏ဖခင်ကြီး’ အဖြစ် သမုတ်ခေါ်ဝေါ်ခံခဲ့ရပြီး အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတဖြစ်သည်။ အမေရိက၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ နိုင်ငံတော်သမ္မတအနေဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အမျိုးမျိုးကို ပြုလုပ်ခဲ့ပြီး ကိုလံဘီယာစီရင်စု (ဝါရှင်တန်ဒီစီ)တွင် အမေရီကန်နိုင်ငံ၏ မြို့တော်ကို ဖန်တီးတည်ဆောက်ရာ၌ ပါဝင်ဆောင်ရွက်ခဲ့သည်။ ဝီစကီအရက်ကို ယစ်မျိုးခွန် စည်းကြပ်ကောက်ခံခဲ့ခြင်းကြောင့် ဝီစကီပုန်ကန်ထကြွမှု (၁၇၉၄) ဖြစ်ပွားခဲ့ရာ ချေမှုန်းနှိမ်နင်းပစ်ခဲ့သည်။

၁၇၃၂၊ ဖေဖော်ဝါရီလ၊ ၂၂ – ဗာဂျီးနီးယားပြည်နယ်၊ ဝက်စ်မိုးလန်းဒ်၌ ဩဂတ်စတင်း ဝါရှင်တန်နှင့် မေရီဘောလ်တို့မှ ဖွားမြင်သည်။၁၇၇၅ – အမေရိကန်တော်လှန်ရေး စစ်ပွဲအတွင်း ဥရောပတိုက်သား စစ်တပ်အား ကွပ်ကဲရန် တာဝန်ယူသည်၁၇၈၁ – ယော့ဟမ်းတိုက်ပွဲ၌ ဗိုလ်ချုပ်ကြီး ကွန်းဝေါလစ္စ လက်အောက်မှ ဗြိတိသျှတပ်ဖွဲ့များကို တိုက်ခိုက်အနိုင်ယူပြီး အမေရိကတိုက်အပေါ် ဗြိတိသျှတို့ ထိန်းချုပ်ထားမှုအား အဆုံးသတ်စေခဲ့သည်။၁၇၈၉၊ ဖေဖော်ဝါရီလ၊ ၄ – နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။၁၇၉၂ – ဒုတိယသက်တမ်းအတွက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။၁၇၉၃၊‌ ဖေဖော်ဝါရီလ၊ ၂၅ – ပထမဆုံးအကြိမ် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပခဲ့သည်။၁၇၉၉၊ ဒီဇင်ဘာလ၊ ၁၄ – ကွယ်လွန်အနိစ္စရောက်သည််။ ဗာဂျီးနီးယား ပြည်နယ်၊ ဗာနွန်တောင်ကုန်းဒေသရှိ သူ၏ ခြံဝင်းအတွင်း မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ကြသည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline