သမိုင်း

ဂျူဗလီဟော

By Hnin Oo Wai

July 02, 2020

ဂျူဗလီဟော(Jubilee Hall) ဟူသောအမည်ကို ယနေ့လူငယ်များ ကြားဖူးကြတော့မည် မထင်ပါ။ ဂျူဗလီဟောသည် တစ်ချိန်က ရန်ကုန်မြို့တော်မှ အထင်ကရ အဆောက်အအုံကြီးဖြစ်ခဲ့သည်။ ဝိတိုရိယဘုရင်မကြီး၏ နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် မျှော်မှန်းကာ နန်းသက် ၅၈ နှစ်အရ ၃၁ ဇန်နဝါရီ၊ ၁၈၉၅ တွင် မဟာဝန်ရှင်တော်မင်းကြီး အလက်ဇန္ဒားမက်ကင်ဇီက အုတ်မြစ်ချ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၈၉၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော ယင်း ဂျူဗလီဟောအတွင်း ကပွဲသဘင်များ၊ အစည်းအဝေးပွဲများ ကျင်းပခဲ့ကြသည်။(ဂျူဗလီဟောမှာ ယခု စစ်သမိုင်းပြတိုက်နေရာ ဖြစ်ပါသည်။)