(Affirmations work)
ခိုင်မာသောခံယူချက် မည်သို့မှန်ကန်စွာချရမည်ကို ဖော်ပြပါမည်။
ခိုင်မာသောရပ်တည်ချက်များကို လတ်တလောတွင်ပင် စစ်မှန်သည်ဟု သဘောထားပြီး ထွက်ဆိုရမည် သာမန်အမှားတစ်ခုမှာ ‘ငါ မကြာခင် ရာထူးတိုးမြှင့်ခြင်း ခံစားရမယ်၊ သို့မဟုတ် ‘ငါ ငွေရေးကြေးရေး အဆင်ပြေချင်တယ်’ ဆိုသည့် စကားမျိုးပြောခြင်းဖြစ်သည်။ မှားယွင်းစွာပင် ဤစကားကဖန်တီးသည်မှာ ရာထူးတိုးမြှင့်ခြင်းကို ခံစားလိုခြင်းဖြစ်ပြီး ရာထူးတိုးမြှင့်ခံစားရခြင်း မဟုတ်ပါ။ ထို့ကြောင့် သင် တောင်းတခြင်းနှင့် တကယ်ရရှိခြင်းကြား အမြဲပင် ယှဉ်ပြိုင်ဘက် ဖြစ်နေမည်။ ခိုင်မာသောရပ်တည်ချက်ကို မှန်ကန်သည့် အနေဖြင့် ထွက်ဆိုပါ။ အထက်နမူနာများတွင် ထိရောက်သည့် ခိုင်မာသောရပ်တည်ချက်မှာ ‘ငါနေ့စဉ်နေ့တိုင်း ရာထူးတိုးမြှင့်ခြင်းခံစားရရှိနိုင်တဲ့အလုပ်တွေ လုပ်နေတယ်’၊ သို့မဟုတ် ‘ငါ့ရွေးချယ်မှုတွေ မှန်ကန်လို့ ငါ ငွေးရေးကြေးရေး ပြေလည်လာတယ်’ စသည်ဖြင့်ပြောရန်ဖြစ်သည်။ ခိုင်မာသောရပ်တည်ချက်ကို စိစစ်ရာတွင် ယင်းသည် လိမ်ညာနေမှုတစ်ခုဟု ခံစားရပါသလား။ ခံစားရသည်ဆိုလျှင် သင့်ရပ်တည်ချက်မှန်ကန်သည်။ ဤအချက်ကို ထူးဆန်းသည်ဟု သင်ထင်မည်။ သို့သော် သင် ဆေးလိပ်သောက်သူ မဟုတ်ပါက သင့်အနေဖြင့် ‘ငါဆေးလိပ်ကင်းစင်တယ်’ ဆိုသည့် ရပ်တည်ချက်ကို ဖန်တီးမည်။ သို့သော် ဘာဆန်းသနည်း။ သင် ဘာပြောင်းလဲမှုရှိသနည်း။ ရပ်တည်ချက် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ သင် ဆေးလိပ်ကင်းစင်ခြင်းအနေအထားသို့ မရောက်သေးပါ။ ထို့ကြောင့် (လက်ရှိတွင်) ထိုထွက်ဆိုချက်သည် မှန်ကန်မှုမရှိဟု ဆိုနိုင်သည်။
ခိုင်မာသောရပ်တည်ချက်များသည် ရလဒ်ပြဖို့ ၂၈ ရက်ခန့် ကြာမြင့်သည်
ထိုအချိန်သည် အလေ့အထတစ်ခုကို ပြောင်းလဲရန် ကြာမြင့်ချိန်လည်းဖြစ်သည်။ ကျွန်မတို့ မသိစိတ်တွင် အလေ့အထဟောင်းများကို ဖက်တွယ်ထားသည့်အကျင့်တစ်ခုရှိသည်။ ကျွမ်းကျင်ပညာရှင်အများအပြားက ထို ၂၁ ရက်မှ ၂၈ ရက်သည် ကျွန်မတို့ဘိုးဘေးဘီဘင်များထံမှ ဆက်ခံသည့်ဆက်လက်ရှင်သန်နိုင်ရေး တန်ဆာပလာတစ်ခုဖြစ်သည်ဟု ဆိုသည်။ မသိစိတ်က ကျွန်မတို့ကို ပိုမြင့်သော အတွေးအခေါ်တို့မှလွတ်မြောက်စေရန် အော်တိုတုံ့ပြန်မှုများဖန်တီးပြီး ကယ်တင်ခြင်းဖြစ်သည်။ သင့်သွားများကို မည်သို့တိုက်ရမည်ကို နံနက်တိုင်း ပြန်စဉ်းစားရမည့်အစား ထိုအချိန်တွင် ထိုနေ့အတွက် သင့်အစီအစဉ်များကို စဉ်းစားသည်။ ယင်းသည် သင် အခြေခိုင်နေသည့်အလေ့အထ နမူနာတစ်ခု ဖြစ်သည်။
ဤနှောင့်နှေးမှုအတွက် မည်သည့်အကြောင်းရင်းရှိရှိ သင်သည် ထိုအရာကို တစ်လခန့် တွန်းလှန်မည်ကို သတိပြုပါ။
တွန်းလှန်သည်ဆိုရာဝယ်– ကလေးကလားဆန်သလို ခံစားရခြင်း– အယုံအကြည် ကင်းမဲ့ခြင်း– ဤအကြံပြုချက်များကို မေ့ပစ်ပြီး အလေ့အထဟောင်းများကိုသာ ပြန်လည်ပြုကျင့်ခြင်း စသည်တို့ဖြစ်သည်။
ဤအဆင့်ကို ကျော်လွှားရန် ‘လုပ်စရာရှိတာကို လုပ်ပါ’ ဟု ကျွန်မ အကောင်းဆုံး အကြံဉာဏ်ပေးလိုသည်။ သတိပေးချက်မှာ ‘ငါ တစ်နေ့ပြီးတစ်နေ့ ပိုကျွမ်းကျင်လာတယ်၊ ဒါပေမဲ့ အဲဒီလောက်တော့လည်း မဟုတ်သေးပါဘူး’၊ သို့မဟုတ် ‘ငါရှောပင်းဈေးဆိုင်တန်းသွားတာကို မတွန်းလှန်နိုင်ပေမယ့် ငွေရေးကြေးရေးကို တာဝန်ပိုယူတတ်လာတယ်’ စသည့် ကိုယ့်ဘာသာ အဖျက်အမှောင့်လုပ်သည့်ထောင်ချောက် စကားမျိုးကို မပြောပါနှင့်။
နောက်တစ်ကြိမ် သင့်ကိုယ်သင်ဆန့်ကျင်ဘက် တွေးခေါ်နေသည်၊ သို့မဟုတ် သင့်ရည်မှန်းချက်ပန်းတိုင် / ဆန္ဒကို ပံ့ပိုမှုမရှိသည့်အတွေးအခေါ်တို့ရှိနေသည်ကို တွေ့ရှိပါက ထိုအတွေးတို့ကို ဖျက်ပစ်ပါ။ သင့်အသိစိတ်က ယင်းကိုအဓိပ္ပာယ်မရှိဟု ထင်ခဲ့လျှင် ဂရုမစိုက်ပါနှင့်။ သင့်မသိစိတ်က သင် ထည့်သွင်းသည့်မည်သည့်အချက်အလက်ကိုမဆို အကုန်လုံးလက်ခံသည်။
သင့်အတွေးများကို ထိန်းချုပ်ခြင်းဖြင့် သင့်ဘဝကို ထိန်းချုပ်ပါ။