ဘဝနေနည်း

ခိုင်မာသောရပ်တည်ချက်များသည် သင့်ဘဝကို ပြောင်းလဲစေလိမ့်မည်

By HapEye.net

June 05, 2020

(Affirmations will change your life)

‘ခိုင်မာသောရပ်တည်ချက်’ ဆိုသည့် ဝေါဟာရသည် ခေတ်သစ် ရုပ်လွှာမျိုးစုံ၊ သို့မဟုတ် ပေါ်ပင်စိတ်စွမ်းအားရှင် ဂုရုဆရာများကို မြင်ယောင်စေသည်။ သို့သော် ခိုင်မာသောရပ်တည်ချက်များသည် သမားရိုးကျမဟုတ်သော သီအိုရီတစ်ခုသာ မဟုတ်ပါ။ ထုတ်ဝေပြီးစာစဉ်အများအပြားအရ (နှစ်ခုလောက်ပြောရမည်ဆိုလျှင် New Englad Journal of Medicine နှင့် Duke University တို့ဖြစ်သည်) ခိုင်မာစွာ ရပ်တည်ခြင်းသည် ထိရောက်မှုရှိသည်ဟု ဖော်ပြထားသည်။ ခိုင်မာသောရပ်တည်ချက်သီအိုရီကို သင်လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ သင်သည် သင်၏ မသိစိတ်သို့မှာကြားချက်များ၊ သို့မဟုတ် ရပ်တည်ချက်များပေးပို့နေကျဖြစ်သည်။ သို့ဖြစ်၍ ထိုမှာကြားချက်များကို သင်ထိန်းချုပ်နိုင်လျှင် မကောင်းပေဘူးလား။

ခိုင်မာသော ရပ်တည်ချက်သည် ‘သင့်ကိုယ်သင် ခိုင်မာစွာရပ်တည်ခြင်း’ နှင့် ‘သင့်ကိုယ်သင် ဖြိုဖျက်ခြင်း’ နှစ်ခု ‘အားပြိုင်ခြင်း’ ဖြစ်သည်။

အဆင်ပြေမည်ဆိုလျှင် အခြားဝေါဟာရတစ်ခု ထည့်သုံးနိုင်သည်။ ဖြည့်သွင်းချက်များ၊ သဘောထားအမြင်များ၊ အချက်အလက်များ၊ သို့မဟုတ် အစီအစဉ်ကျစေခြင်း တစ်ခုမဟုတ်တစ်ခု အစားထိုးနိုင်သည်။

ဆန့်ကျင်ဘက်အတွေးအခေါ်၊ အကောင်းဘက်မြင်သော အတွေးအခေါ်တို့သည် ကျင့်ယူထားသော အပြုအမူများဖြစ်သည်။ ကျွနု်ပ်တို့ အတိတ်တွင်အရေးပါခဲ့သူများက ကျွန်မတို့အား အနေအထားတစ်ခုကို ကောင်းသည်၊ ဆိုးသည် ဝေဖန်ပိုင်းခြားခိုင်းခဲ့သည်။ ယနေ့လည်း ယင်းကို လူကြီးများအဖြစ် ဆက်လက်ပြုလုပ်ဆဲဖြစ်သည်။ အကြောင်းမသင့်စွာပင် ကျွန်မတို့သည် ဆန့်ကျင်ဘက်သဘောဖြင့် အကဲဖြတ်ကြသည်။ ထိုအမှားကိုအရသာပိုတွေ့ကြသည် (ရုံးကို ဒီမိန်းမ ဒါမျိုးဝတ်လာရဲတာ အံ့သြစရာပဲ)။ သို့မဟုတ်ပါကလည်း ယင်းသည် ကျွန်မတို့အနေဖြင့် ကြမ္မာဆိုး၊ သို့မဟုတ် သတင်းဆိုးတို့ထံမှ ကြားခံ အကာအကွယ်အဖြစ် ထားရှိခြင်းလည်း ဖြစ်နိုင်သည်။ အတွေးအခေါ်အရ စိတ်မချမ်းမြေ့စရာ အတွေ့အကြုံများကို ကာဆီးဟန့်တားနိုင်ခဲ့လျှင် တကယ့် သတင်းဆိုးမလွဲမသွေရရှိသည့်အခါ ပိုပြီး ခံနိုင်ရည်ရှိမည်ဟု တွေးထင်ကြသည်။ နောက်ဆုံးရလဒ်မှာ ကျွန်မတို့ဘဝ၏ အစိတ်အပိုင်းအများစုကို ဆန့်ကျင်ဘက်အတွေးအခေါ်များထဲတွင် နစ်မြုပ်ထိုးကျနေစေပြီး အလားတူသဘောထားအမြင်ရှိသူများကိုလည်း ကျွန်မတို့ဘဝထဲသို့ ဆွဲဆောင်သည်။

သင်ယနေ့ ကိုယ့်ဘာသာကိုယ် ကစားနည်းတစ်ခု ကစားပါ။ သင့်မှာ ဆန့်ကျင်ဘက်အတွေးအခေါ်ရှိသည်ကို တွေ့ရှိလျှင် ထိုအနေအထားတွင် ငွေရောင်အနားကွပ် (sliver lining) ကို ရှာစဉ်းစားပါ။ သင် ကားဘီးပေါက်ပါသလား။ ‘အင်း…. ဘာပြောပြော နေ့ခင်းကြောင်တောင် ရှုပ်ယှက်ခတ်နေတဲ့အဝေးပြေးလမ်းမှာဖြစ်ပြီး ညအချိန် လူသူမနီးတဲ့နေရာမှာမဟုတ်လို့ တော်သေးတယ်’ ဟု တွေးပါ။ သင်လိုချင်နေသည့် လခတိုးမြှင့်ခြင်းကို မခံစားရဘူးလား။ ‘ဘာပြောပြော ပုံမှန်လစာတော့ ရနေတာပဲလေ’ ဟုတွေးပါ။ ကျွန်မဆိုလိုသည်ကို သဘောပေါက်မည်ထင်ပါသည်။ ယင်းသည် ကစားနည်းတစ်ခုသာ ဖြစ်သော်လည်း သင်နေ့စဉ်ရရှိနေသည့် ရာနှင့်ချီသည့် ဆန့်ကျင်ဘက်အတွေးများကို သင့်အားသတိပြုမိစေမည့် ထိရောက်သည့် ကစားနည်းတစ်ခု ဖြစ်ပါသည်။

မြနှင်းဆီ ဘာသာပြန် ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။