(Affairmations vs. Positive Thinking)
ဆန္ဒစွမ်းအားရှိရုံမျှနှင့် မည်သည့်ခိုင်မြဲသောအရာကိုမှ မဖန်တီးနိုင်ပါ။ – Napoleon
အတိုချုံးပြောရမည်ဆိုလျှင် ခိုင်မာသော ရပ်တည်ချက်များ စွမ်းဆောင်ပုံသည် အောက်ပါအတိုင်းဖြစ်သည်။
(၁) သင့်မသိစိတ်က အချက်အလက်အားလုံးကို မေးခွန်းမမေးဘဲ လက်ခံသည်။ ရုပ်လွှာများ၊ စကားလုံးများ၊ ခံစားချက်များအားလုံးသည် မသိစိတ်တွင် မှတ်တမ်းဝင်သွားသည်။ ဆိုလိုသည်မှာ သင့်ကိုယ်သင် ‘ငါကွ’ ဟု ပြောနေသည်ဆိုလျှင် သင်အခြေအနေကောင်းသည်။ သင့်ကိုယ်သင် ‘ငတုံး’ ဟုပြောနေလျှင် သင်ခရီးကြမ်းနေသည်။ ယင်းကို စမ်းသပ်ရန် သင့်ကိုယ်သင် ဟိုတယ်လသာဆောင်တစ်ခုတွင် ရပ်နေသည်ဟုမြင်ကြည့်ပါ။ အထပ် ၅၀ တွင်ဖြစ်သည်။ ထိုနောက် အောက်ခြေမှရေကူးကန်သို့ ငုံ့ကြည့်သည်ဟု သင့်စိတ်တွင် တွေးကြည့်ပါ။ သင့်ခြေချောင်းများသည် ကြွလာမည်။ အတွေးများသည် စွမ်းအားရှိသည်။
(၂) သင့်ကိုယ်သင် ပြောနေသောစကားကို သင်ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သင့်မသိစိတ်က အမှန်တရားအဖြစ် မှတ်တမ်းတင်လိမ့်မည်။ သင့်ဝိတ်လျှော့ရန် ကြိုးစားနေပါက ‘ငါ ဝိတ်လျှော့နေတယ်’၊ သို့မဟုတ် အခြားတိကျသည့် စကားရပ်တစ်ခုပြောပါ။ မသိစိတ်သည် ရှေးဦးစွာ ရုပ်ပုံလွှာကို ပုံဖော်သည်။ ထို့ကြောင့် ‘ငါမဝချင်ဘူး’ ဆိုသည့် စကားမျိုး မပြောပါနှင့်။ ယင်းအကြောင်း သေချာသိလိုလျှင် သင့်ကိုယ်သင် ‘ငါချောကလက်ကိတ် မစားဘူး’ ဟုပြောလျှင် သင်ဝနေသည့်ပုံကို သင်မြင်မိလိမ့်မည်။ မသိစိတ်က ထိုပုံကိုသာ မှတ်တမ်းတင်သည်။ သင်လည်း တဖြည်းဖြည်း ထိုရလဒ်ကိုသာ ရလိမ့်မည်။
(၃) ခိုင်မာသောရပ်တည်ချက်သည် အပြုသဘောဆောင်သည့် အတွေးအခေါ်တွင် သင့်အနေဖြင့် အခြေအနေတိုင်းတွင် တတ်နိုင်သမျှ အပြုသဘောမြင်တတ်ရမည်။ ယင်းသည် လူတစ်ဦးအားအခြေအနေတစ်ခုကို အကောင်းမြင်စေသော်လည်း အနေအထားတိုင်းအတွက်တော့ သဘာဝမကျပါ။ (ဥပမာ- ကားရပ်ကွင်းတွင် နံနက် ၄ နာရီ၌ လူစိမ်းတစ်ယောက် သင့်နောက်မှ လိုက်နေခြင်းမျိုး)။ ခိုင်မာသောရပ်တည်ချက်သည် လတ်တလောအဖြစ်မှန်ကို သင်ဖြစ်စေလိုသော ရလဒ်သို့ ဖန်တီးယူသည်။ ဥပမာ- သင်နာတာရှည်ဖျားနာပါက၊ သို့မဟုတ် သင့်ဘော့စ်နှင့် ဆက်ဆံရေးမပြေမလည်ဖြစ်နေပါက အပြုသဘောဆောင်သောအတွေးအခေါ်နှင့် ခိုင်မာသောရပ်တည်ချက်နှစ်ခုတို့ကြား ကွဲပြားမှုနမူနာများကို အောက်တွင် ဖော်ပြပါမည်။
အပြုသဘောဆောင်သောအတွေး (ဖျားနာခြင်း) ။ ။ ဒီဖျားနာခြင်းက ငါ့ကျန်းမာရေးအတွက် တောက်လျှောက်လိုအပ်နေခဲ့တဲ့အားလပ်ချိန်ကို ပေးတယ်။
ခိုင်မာသောရပ်တည်ချက် (ဖျားနာခြင်း) ။ ။ အလုပ်မှာ ဒီနေအထားက အနည်းဆုံးတော့ ငါ့ကို တစ်ယောက်ယောက်က မကြိုက်ရင်တောင် အလုပ်ကိုတော့ ကောင်းကောင်းလုပ်နိုင်သေးတယ်ဆိုတာ သင်ပေးတယ်။
ခိုင်မာသော ရပ်တည်ချက် (ဆက်ဆံရေး) ။ ။ ငါ့ဘော့စ်နဲ့ အဆင်ပြေအောင်လုပ်နေတယ်။ ဒီပြဿနာအတွက် ငါ့အပိုင်းကိုငါ တာဝန်ယူနေတယ်။ ဘော့စ်နဲ့တွေ့တိုင်းလည်း ဆက်ဆံရေးတိုးတက်မှုရှိလာတယ်။
မြနှင်းဆီ ဘာသာပြန် ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။