သုတ

ကြက်ဥလိပ်

By Hnin Oo Wai

August 12, 2020

ကြက်ဥလိပ်

ပါဝင်သောပစ္စည်းများ

ပြုလုပ်နည်းအဆင့်ဆင့်

*ပထမ ဂေါ်ဖီနှင့် မုန်လာဥနီကို ပါးပါးလှီးထားပါ။ ထို့နောက် ဒယ်အိုးကို ပူအောင်လုပ်ပြီး ဆီထည့်ရမည်။ မြေပဲဆီသုံးပါက ပို၍ အနံ့ကောင်းသည်။ အရွက်လိပ်ကို ပြန့်အောင် ဖြန့်ထားပါ။ စတုရန်း မဖြစ်အောင်လုပ်ရမည်။ ဒိုင်းမွန်းပုံ ဖြစ်ရမည်။ ထို့နောက် ချက်ပြီးသား ကြက်သား၊ ဝက်သား၊ ဂဏန်း၊ ပုဇွန် စသော နှစ်သက်ရာ တစ်ခုခုကို အရွက်လိပ်ပေါ် တင်ပါ။

*အစာများပတ်မိအောင် အလိပ်ရွက်ကို အောက်ခြေမှစပြီး အပေါ်ထိပ်အထိ ပတ်၍လိပ်ပါ။ ပြီးလျှင် ကြက်ဥကို ခွဲပြီးမွှေရမည်။ မွှေပြီးသား ကြက်ဥနှစ်ဖြင့် တို့ပြီး ကြက်ဥလိပ်ရွက်၏ နောက်စွန်းထိပ်အစွန်းကို ပိတ်ရမည်။ ထို့နောက် ဒယ်အိုးအရွယ်အစားကို မှန်း၍ သုံးခုလေးခု စသည်ဖြင့် ထည့်ကြော်ပါ။ ရွှေအိုရောင် သန်းလာသည်အထိ ကြော်ရမည်ဖြစ်သည်။

*ကြက်ဥလိပ်ကို ကြော်ပြီး ချက်ချင်းချထားရမည်။ အားလုံးပြီးလျှင် ကြိုက်နှစ်သက်ရာ ဆော့စ်တမျိုးမျိုးနှင့် တွဲ၍ စားသုံးနိုင်ပါပြီ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ