သုတ

ကြက်သားဆီပြန်ဟင်း

By Hnin Oo Wai

August 10, 2020

ကြက်သားဆီပြန်ဟင်း

ပါဝင်သောပစ္စည်းများ

ပြုလုပ်နည်းအဆင့်ဆင့်

*ကြက်သားများကို အနေတော်အရွယ် တုံး၍ရေဆေးပါ။ ဆား၊ ငံပြာရည်၊ နနွင်းမှုန့်တို့ဖြင့် နယ်ပါ။

*ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ချင်းတို့ကို ညက်အောင်ထောင်းပါ။

*ဆား၊ ငံပြာရည်ဖြင့် နယ်ထားသော ကြက်သားများကို ဆီထည့်ပြီး ထပ်နယ်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီထောင်းပြီးသားကို ဆီသတ်ပါ။ ကြက်သားတုံးများ ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီးတော့ တည်ပါ။ ရေခန်းပါက ကြက်သားမနူးသေးလျှင် ရေထပ်ထည့်နိုင်သည်။

*ကြက်သားနူးရင် မဆလာခတ်ပြီးတော့ ဆီပြန်မှ အလွန်မွှေးကြိုင်သော၊ ခံတွင်းမြိန်သော ကြက်သားဆီပြန်ဟင်းတစ်ခွက် အသင့်စားဖို့ ရပါပြီ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ