သုတ

ကြက်ချဉ်စပ်

By Hnin Oo Wai

August 15, 2020

ကြက်ချဉ်စပ်

ပါဝင်သောပစ္စည်းများ

ပြုလုပ်နည်းအဆင့်ဆင့်

*ကြက်သားအတုံးကလေးများကို ကြက်သွန်ဖြူ၊ ချင်း၊ ကြက်ဥ၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့နှင့် ရောနယ်ပါ။

*ဆီအိုးတည်ပြီး ကြက်သားကြော်ပါ။ ကြော်ပြီးဆီစစ်ပါ။

*ငရုတ်သီးဆီသတ်ပါ။ ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကို ပါးပါးလှီးထားပါ။ ထို့နောက် ရောပြီး ဆီသတ်ပါ။

*ဆီသတ်အိုးထဲသို့ ကြော်ပြီးသား ကြက်သားထည့်ပါ။ ရှောက်ရည်ထည့်တည်ပြီး နောက်ဆုံးတွင် ကော်ရည်အနည်းငယ် ထည့်ရပါမည်။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ