သုတ

ကြက်ကင်

By Hnin Oo Wai

July 03, 2020

ကြက်ကင်

ပါဝင်ပစ္စည်းများ

ပြုလုပ်နည်းအဆင့်ဆင့်

*ကြက်ဖင်ဖွင့်၍ အတွင်းမှ ကလီဇာများကို ထုတ်ပြီး ရေစင်အောင်ဆေးပါ။ဒူးဆစ်ခြေထောက်များနှင့် ဦးခေါင်းဖြတ်ပစ်ပါ။

*ရေစင်အောင်ဆေးပြီးပါက ရှာလကာရည်နှင့် တစ်ကောင်လုံးသုတ်လိမ်းပြီးအတွင်းသို့ စိမ့်ဝင်သွားအောင် သုတ်နယ်ပေးရမည်။

*ဆား၊နနွင်း လူးပေးရမည်။ ပြီးလျှင် တံစို့ထိုးပြီး လျှပ်စစ်မီးဖို(ဝါ)မီးသွေးဖိုတွင်ကင်ပေးရ၏။

*ကြက်ကိုဖြည်းဖြည်းလှည့်ပြီး ကင်ပေးရမည်။ အနည်းငယ်နီလာပါက ဆီ(ထောပတ်)ကို အဝတ်နှင့်လှည့်နေစဉ် သုတ်ပေးပါ။ ဆီထဲတွင် ငရုတ်ဆီ အနည်းငယ်ထည့်၍သုတ်ပါက အသားကင်မှာပို၍အရောင်တက်တတ်ပါသည်။(မြန်မာချက်နည်း)

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ