ဘဝနေနည်း

ကျွန်ုပ်ကို ယုံကြည်သောသူများကြောင့် ဖြောင့်မတ်မည်။

By HapEye.net

June 12, 2020

ကျွန်ုပ်ကို ယုံကြည်သောသူများကြောင့် ဖြောင့်မတ်မည်။ လူတိုင်းလူတိုင်းဟာ ဖြောင့်မတ်ရမယ်။ အထူးသဖြင့် လူငယ်ကျောင်းသားများဟာ ကောင်းတဲ့ အကျင့်စာရိတ္တတွေ မွေးရမယ်။ ကိုယ့်ကို ယုံကြည်တဲ့သူများ ရှိလို့ရှိရင် ကိုယ်က ဖြောင့်မတ်ဖို့ တာဝန်ရှိတယ်။ တချို့က ကိုယ်ဟာ သူများကို လှည့်ဖျားနိုင်ရင် လူတော်၊ လူလယ်လို့ ထင်ကြတယ်။ သူတို့ကို သူတို့ လူတော်လို့ မှတ်တယ်။ ဒါဟာ မမှန်ဘူး။ တကယ်ဆိုလို့ရှိရင် ကိုယ့်ကို ယုံကြည်တဲ့သူရှိရင် ကိုယ်က ဖြောင့်မတ်ရမယ်။ ဖြောင့်ကိုဖြောင့်မတ်ရမယ်။ အယုံအကြည်သွင်းပြီးတော့ လူတစ်ယောက်ကို လှည့်ဖျားတာဟာ လုံးလုံး မမြင့်မြတ်ဘူး။ အင်မတန်မှ ရှက်စရာ ကောင်းပါတယ်။

လူတိုင်း လူတိုင်းဟာ ကိုယ့်မှာ ယုံကြည်တဲ့သူ အနည်းဆုံးတစ်ယောက်တော့ ရှိမှာပဲ။ တစ်ယောက်ရှိရင်တောင် ဒီတစ်ယောက်အတွက် ဖြောင့်မတ်ရမယ်။

ကိုယ့်ကို အများက ယုံကြည်နေလို့ရှိရင် အများအတွက် ဖြောင့်မတ်ရမယ်။

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။