ကျေးဇူးတင်ပါ
အောင်မြင်မှုတွေကို ကျေးဇူးတင်သလို ကျဆုံးမှုတွေကြောင့်ရတဲ့ သင်ခန်းစာတွေကိုလည်း ကျေးဇူးတင်ပါ။ ကျေးဇူးတရားကို သိပြီး ကျေးဇူးတင်တတ်တဲ့ စိတ်ကို မွေးမြူပါ။ ကျေးဇူးတင်တယ်လို့ ပြောတဲ့အတွက် တစ်ဖက်သားက ကိုယ့်ရဲ့နှိပ်ချမှုကို လေးစားပါလိမ့်မယ်။ ဒီအချက်က အောင်မြင်မှုအတွက် အထောက်အကူများစွာ ဖြစ်စေပါတယ်။
ကျေးဇူးသိတတ်တယ်ဆိုတာ တန်ဖိုးအရှိဆုံး လူ့အရည်အသွေးတစ်ခုဖြစ်ပါတယ်။ကျော်ကျော်လှိုင်
ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။