ကုသိုလ် – အကုသိုလ် (ကုသိုလ် အများကြီးရှိတဲ့သူကို အကုသိုလ်က ကြောက်နေရော)
ကိုယ့်စိတ်ကို သူများကို ဖုံးလို့ရပေမယ့် ကိုယ့်မှာ ကုသိုလ်များလား၊ အကုသိုလ်များလား ဘုရားသိပါတယ်။ လူက ကောင်းမှုကိုပြုရင် အကုသိုလ်က ကြောက်လန့်နေပြီး ဝေးဝေးကို ပြေးပါတယ်။ လူက မကောင်းမှုကိုပြုရင် ကုသိုလ်က ကြောက်လန့်နေပြီး ဝေးဝေးကို ပြေးပါတယ်။
ကောင်းမှုပြုတဲ့သူဟာ ပန်းခြံထဲက မြက်ပင်လေးတွေလိုပဲ။ တစ်နေ့တစ်ခြား တိုးတက်တာ မမြင်ပေမယ့် နေ့စဉ်နဲ့အမျှ ရှင်သန်းကြီးထွားလာတယ်။ မကောင်းမှုပြုတဲ့သူဟာ ဓားသွေးကျောက်ထက်က ဓားလိုပဲ။ ဆုတ်ယုတ်သွားတာ မမြင်သာပေမယ့် တစ်နေ့ကြရင် ထက်ပိုင်းကြိုးမှာ။
ကုသိုလ် အကုသိုလ်က တံခါးမရှိ ဓားမရှိ မိမိစိတ်ကို ဝင်ထွက်သွားလာနိုင်တယ်။ အကုသိုလ်ရဲ့ အမှောင်က သူတစ်ပါးမသိသော်လည်း မိမိစိတ်ကို မှောင်ရိပ်ကျပြီး ကြီးစိုးတတ်တယ်။ ကုသိုလ်ရဲ့ အလင်းက သူတစ်ပါး မချီးမွမ်းလည်း မိမိစိတ်မှာ ထွန်းလင်းလို့နေတယ်။
လောကသစ္စာရေးသားထားသော နေတတ်ရင် ကျေနပ်စရာပါ စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ OpenMoreOnline ဘဝနေနည်