သုတ

ကုလားပဲ စားလျှင် ပျောက်ကင်းသွားမည့် ရောဂါများ

By HapEye.net

February 28, 2020

ပဲအမျိုးမျိုးသည် အသားဓာတ်နှင့် ခွန်အားကို အပေးဆုံးImportant of Pulsesသဘာဝအစားအစာတွေထဲမှာ ပဲအမျိုးမျိုးကတော့ ပရိုတင်း၊ ကာဗိုဟိုက်ဒြိတ်၊ ကယ်လ်စီယမ်နဲ့ ဖော့စဖရပ်ဓာတ်တွေ ကြွယ်ဝပြီး အာဟာရဖြစ်စေတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာပါ။ အားအင်ကို ဖြစ်ထွန်းလွယ်စေပါတယ်။ ပဲအမျိုးမျိုးကို Peas၊ beans၊ lentils စသည်ဖြင့် ခေါ်ကြပြီး အင်္ဂလိပ်လိုကတော့ pulse လို့ ခေါ်ပါတယ်။ လက်တင်ဘာသာစကား puls က ဆင်းသက်လာတာဖြစ်ပြီး အစေ့အဆန်ထူသောအသား စသည်ဖြင့် အဓိပ္ပာယ်ရပါတယ်။ ပဲတစ်မျိုးနဲ့တစ်မျိုး အရောင်အဆင်း အရွယ်အစားနဲ့ အရသာကအစ တူတယ်လို့ မရှိကြပါဘူး။ ပဲအမျိုးမျိုးကို စတင်တွေ့ကြရတဲ့အချိန်ကတော့ ဘီစီ ၁၀၀၀၀ (10000 BC) ကတည်းက ဖြစ်ပါတယ်။ အနောက်တိုင်းသူတွေထက် အရှေ့တိုင်းသူတွေက ပိုပြီး စားသုံးကြပါတယ်။ မည်သည့်ပဲအမျိုးအစားမဆို အသားဓာတ်နဲ့ ခွန်အားကို ဖြစ်စေတဲ့နေရာမှာ အခြားသော အပင်အားလုံးထက် သာလွန်ပါတယ်။ လူကြိုက်အများဆုံး၊ အသုံးအများဆုံး ပဲကတော့ ကုလားပဲပါပဲ။

ကုလားပဲ Bengal Gram ရဲ့ အမျိုးအမည်ကုလားပဲ ကို ရုက္ခဗေဒအမည်အရ Cicer arietinum လို့ ခေါ်ပါတယ်။ အင်္ဂလိပ်လို Chick-pea၊ common gram စသည်ဖြင့် ခေါ်လေ့ရှိပြီး ဟိန္ဒူကတော့ Channa လို့ ခေါ်ပါတယ်။ ပါဠိဘာသာအရ တမ္ဗဝေဏ္ဍလို့လည်း ခေါ်တယ်။ ကုလားပဲကို အိန္ဒိယနိုင်ငံမှာ အဓိက အစားအစာအဖြစ် စားပါတယ်။ ကုလားပဲတောင့်မှည့်မှ ရရှိတဲ့ သုံးတောင့်ပဲအစိမ်းများကို ပြုတ်၍ ဆီနဲ့ လှိမ့်ပြီး စားကြသလို ကုလားပဲဟင်းချို၊ ချဉ်ရည် စသည်ဖြင့်လည်း ချက်စားကြပါတယ်။ အမှုန့်ပြုပြီးတော့လည်း စားတတ်ကြပါတယ်။

စတင်တွေ့ရှိရာဒေသOriginကုလားပဲ ကို စပြီး တွေ့ရတာကတော့ အနောက်အာရှနိုင်ငံတွေမှာပါ။ အဲသည်ကမှ အစပြုပြီး အိန္ဒိယနဲ့ အနောက်ဥရောပနိုင်ငံတွေဆီ ပျံ့နှံ့သွားပါတယ်။ ကုလားပဲကို ရှေးခေတ်အဆက်ဆက်ကတည်းက အီဂျစ်နဲ့ ဂရိနိုင်ငံတွေမှာ စပြီး တွေ့ရှိခဲ့ပါတယ်။ သည်ကနေ့ခေတ်မှာတော့ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အီဂျစ်နိုင်ငံနဲ့ အခြားမြေထဲပင်လယ်နိုင်ငံများ၊ အီသီယိုပီးယားနိုင်ငံ၊ တောင်အမေရိကနဲ့ သြစတြေးလျအပူပိုင်းဒေသတွေမှာ အများဆုံး စိုက်ပျိုးကြတာကို တွေ့ရပါတယ်။

အာဟာရတန်ဖိုးFood valueကုလားပဲကို အစိမ်းအတိုင်း ရေစိမ်၍ဖြစ်စေ၊ ကြော်၍ဖြစ်စေ၊ လှော်၍ဖြစ်စေ ဘယ်လိုစားစား အကျိုးများတာချည်းပါပဲ။ ကုလားပဲအစိမ်းက နူးညံ့ပါတယ်။ ကုလားပဲဟင်းဟာ နှုတ်မြိန်ပြီး အားဖြစ်စေတဲ့ အစားအစာပါ။ ကုလားပဲကို ရေစိမ်၊ အခွံချွတ် အခြောက်ခံပြီး အမှုန့်ကြိတ်ထားတဲ့ ကုလားပဲမှုန့်ကို အိန္ဒိယအစားအစာတွေမှာ မပါမဖြစ် သုံးတတ်ကြပါတယ်။ အထူးသဖြင့် ထောပတ်တုနဲ့ သကြားလုပ်တဲ့အခါ အဓိကအသုံးပြုကြပါတယ်။ ဟင်းချက်တဲ့အခါ အရသာရှိတဲ့ ပဲဟင်းအနှစ်က အချိန်တိုအတွင်းမှာ ခွန်အားဖြစ်စေနိုင်တာကြောင့် ပဲမှုန့်ကို အစားအစာတိုင်းနဲ့ သားရေစာတိုင်းမှာ အသုံးများတာ တွေ့ရပါတယ်။ခြောက်သွေ့တဲ့ ကုလားပဲအစိမ်း ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တန်ဖိုးကတော့ ရေဓာတ် ၉.၈%၊ ပရိုတင်း ၁၇.၁%၊ အဆီ ၅.၃%၊ သတ္တုဓာတ် ၃%၊ အမျှင်ဓာတ် ၃.၉% နဲ့ ကာဗိုဟိုက်ဒြိတ် ၆၀.၉% ပါရှိပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်များ ပါဝင်နှုန်းထားကို လေ့လာကြည့်ရင်တော့ ကယ်လ်စီယမ် ၂၀၂ မီလီဂရမ်၊ မီးစုန်းဓာတ် ၃၁၂ မီလီဂရမ်၊ သံဓာတ် ၁၈.၂ မီလီဂရမ်၊ ဗီတာမင်စီ ၃ မီလီဂရမ်နဲ့ ဗီတာမင်ဘီဓာတ်ပေါင်းများစွာ ပါရှိတာကို တွေ့ရပါတယ်။ကုလားပဲခြမ်း ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ် တန်ဖိုးကတော့ ရေဓာတ် ၉.၉%၊ ပရိုတင်း ၂၀.၈%၊ အဆီ ၅.၆%၊ သတ္တုဓာတ် ၂.၇%၊ အမျှင်ဓာတ် ၁.၂% နဲ့ ကာဗိုဟိုက်ဒြိတ် ၅၉.၈% ဖြစ်ပါတယ်။ ပါဝင်တဲ့ သတ္တုဓာတ်နဲ့ ဗီတာမင်များကို လေ့လာတဲ့အခါ ကယ်လ်စီယမ်က ၅၆ မီလီဂရမ်၊ မီးစုန်းဓာတ် ၃၃၁ မီလီဂရမ်၊ သံဓာတ် ၉.၁ မီလီဂရမ်၊ ဗီတာမင်စီ ၁ မီလီဂရမ်နဲ့ ဗီတာမင်ဘီဓာတ် အနည်းငယ်ပါဝင်ပြီး ၃၇၂ ကယ်လိုရီ ရှိပါတယ်။

သဘာဝအကျိုးကျေးဇူးNatural benefitကုလားပဲမှာ ဆေးဖက်ဝင်စွမ်းအင်များစွာ ရှိပါတယ်။ ရေထဲမှာ တစ်ညစိမ်ထားပြီး နံနက်အိပ်ရာထမှာ ပျားရည်နဲ့ စိမ်၍ဖြစ်စေ၊ တို့၍ဖြစ်စေ ဝါးစားပါ။ အားအင်အမြန်ပြည့်ဖြိုးစေတဲ့ သဘာဝအားဆေးတစ်မည် (မယ်) ဖြစ်ပါတယ်။ ရေစိမ်ထားတဲ့ ပဲတွေသာ မကသေးပါဘူး။ အဲသည်ပဲတွေကို စိမ်ထားတဲ့ ရေကိုပါ အားဆေးသဖွယ် သောက်သုံးနိုင်ပါတယ်။ကုလားပဲက ရတဲ့ ပဲပင်ပေါက်လေးတွေကလည်း ဗီတာမင် ‘ဘီ’ ဓာတ်ပေါင်းအမျိုးမျိုးနဲ့ အခြား ဗီတာမင်များစွာ ပါရှိပါတယ်။ ရေဓာတ် ၉၀ ရာခိုင်နှုန်း၊ ပရိုတင်း ၄.၂%၊ အဆီ ဝ.၇% အသီးသီးရှိပါတယ်။ ဗီတာမင်စီကတော့ ၁၀၀ ဂရမ်မှာ ၁၄ မီလီဂရမ် ပါတဲ့အတွက် ပဲပင်ပေါက်စားပြီး ဗီတာမင်စီလည်း ရရှိနိုင်ပါတယ်။

သွေးအားနည်းခြင်းAnaemiaလတ်ဆတ်သန့်ရှင်းတဲ့ ကုလားပဲရွက် (Bengal gram leaves) တွေမှာ သံဓာတ်များစွာ ပါရှိပါတယ်။ သံဂရမ် ၁၀၀ မှာ ၂၃ မီလီဂရမ်အထိ ပါရှိတာကြောင့် သွေးအားနည်းသူများအတွက် အမြန်ဆုံး သွေးအားတိုးစေဖို့ အကျိုးပြုပါတယ်။ ကုလားပဲရွက်ကို ရေနွေးဖျောပြီး လက်သုပ်လုပ်စားပေးနိုင်ပါတယ်။ ဆေးအဖြစ်နဲ့ အသုံးပြုမယ်ဆိုရင် ကုလားပဲရွက်သတ္တုရည် စားပွဲဇွန်းတစ်ဇွန်းစာကို ပျားရည်အနည်းငယ်နဲ့ ရောပြီး စားပေးပါ။ မကြာမီ သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။

ဆီးချိုရောဂါDiabetesကုလားပဲဟာ ဆီးချိုရောဂါ သက်သာစေဖို့လည်း ဆေးဖက်ဝင်ပါသေးတယ်။ ကုလားပဲစိမ်ထားတဲ့ ရေကို သူ့ချည်းဖြစ်စေ ဂလူးကို့စ်နဲ့ဖြစ်စေ သောက်ပေးရင် အင်ဆူလင် နည်းနေတဲ့ နာတာရှည်ဆီးချိုဝေဒနာရှင်တွေကို သက်သာစေနိုင်ပါတယ်။ ပဲစိမ်ထားတဲ့ရေ သို့မဟုတ် ပဲအနှစ် သို့မဟုတ် ပဲပြုတ်ရည်ကို မှန်မှန်စွဲစားတဲ့ ဝေဒနာရှင်ဟာ အင်ဆူလင် လိုအပ်ချက် တစ်ဝက်တိတိ လျော့ကျသွားမှာ ဖြစ်ပါတယ်။ လူနာရဲ့သွေးထဲမှာ သကြားဓာတ်ပမာဏကို ဆီးနဲ့အတူ လျင်မြန်စွာ စွန့်ထုတ်ပစ်နိုင်တာကြောင့် မကြာမီအချိန်မှာ ဆီးချိုရောဂါ သက်သာစေမှာ ဖြစ်ပါတယ်။

အစာမကြေခြင်းDigestive System Disorderကုလားပဲပင်အရွက်တွေပေါ်မှာ ပိတ်ပါးစကို ညအချိန် ဖုံးအုပ်ထားပါ။ ကုလားပဲရွက်ကနေ နှင်းစက်တွေလို ကျလာတဲ့ အက်စစ်ရည်ကို ရရှိပါမယ်။ အဲသည် အက်စစ်ရည်မှာ မောလစ်အက်စစ် (malic acid) ၉၄ ရာခိုင်နှုန်းနဲ့ အောက်ဆဲလစ်အက်စစ် (oxalic acid) ၆ ရာခိုင်နှုန်း ပါရှိပါတယ်။အလွန်ကို တန်ဖိုးရှိတဲ့ ဆေးတစ်ခွက်ပါ။ အစာမကြေဖြစ်ခြင်း၊ အော့အန်ခြင်း၊ အစာခြေရန် ခက်ခဲခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းခဏခဏသွားခြင်း၊ ဝမ်းကိုက်ခြင်း စတဲ့ အစာအိမ်ဆိုင်ရာ ဝေဒနာတွေကို သိသာစွာ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ကုလားပဲရွက်ပေါင်းခံရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။

ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းPaintful Mensurationရေချိုးကန်ထဲမှာ ကုလားပဲပင်ကို ထည့်ပြီး ရေနွေးနွေး စိမ်ချိုးပေးပါ။ ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။

အရေပြားရောဂါSkin diseaseပဲမှုန့်အစိမ်းဟာ အသားအရေပေါ်က အညစ်အကြေးမှန်သမျှကို ချေးချွတ်ပေးပြီး အရေပြားပေါ်မှာ ဖြစ်လေ့ရှိတဲ့ အနာရောဂါတွေကို ပျောက်ကင်းချမ်းသာနိုင်စွမ်း ရှိပါတယ်။ နှင်းခူလို အရေပြားရောဂါနဲ့ အခြားသာမည အပြစ်အနာတွေကို ကုလားပဲမှုန့်နဲ့ ကုသလို့ ရပါတယ်။ ကုလားပဲမှုန့်ကို အလှကုန်ပစ္စည်းလို သဘောထားပြီး အရေပြားပေါ်မှာ လိမ်းပေးခြင်း၊ ဆေးကြောခြင်းကို ပြုလုပ်နိုင်ပါတယ်။ မျက်နှာအသားအရေကို လှပစေဖို့အတွက်တော့ ကုလားပဲမှုန့်အစိမ်းကို ဒိန်ချဉ်နဲ့ ဖျော်ပြီး အနှစ်ပြု၍ မျက်နှာပေါ်မှာ လိမ်းပေးပြီး မျက်နှာကို ရေအေးနဲ့ ပြန်၍ သန့်စင်ပေးပါ။ အသားအရေကို သိသာစွာ လှပစေပြီး ဝက်ခြံ၊ မှဲ့ခြောက် ကင်းစင်စေပါတယ်။

ဆံပင်ပြဿနာHair diseaseဆံပင်တွေ ကြမ်းတမ်းနေမယ်ဆိုရင်တော့ ပဲမှုန့်အစိမ်းနဲ့ ခေါင်းကို ပွတ်တိုက်ပေးပြီး သန့်စင်အောင် လျှော်ပေးပါ။ ဆံပင်ကို နူးညံ့လှပစေရုံသက်သက် မဟုတ်ပါဘူး။ ဦးခေါင်းပေါ်က ဗောက်တွေ ပျောက်စေသလို အနာရောဂါမှန်သမျှ ကင်းရှင်းပြီး ဦးရေကို ပေါ့ပါးသွားစေပါလိမ့်မယ်။

ကာမဆန္ဒ မပြည့်ဝခြင်းSexual Dyfuntionအမျိုးသားများ စိတ်သွားရာ ကိုယ်မပါဘဲ ဆန္ဒရှိလျက် ပန်းမလန်းခဲ့လျှင် ကုလားပဲမှုန့်ကိုပဲ အားကိုးရပါလိမ့်မယ်။ အားအင်ပြည့်ဖြိုးပြီး လန်းဆန်းမှုမှာ အလွန်မြန်ပါတယ်။ အမျိုးသားများ လိင်မဆက်ဆံမီမှာ ကုလားပဲမှုန့် စားပွဲဇွန်း ၂ ဇွန်းကို သကြားအနည်းငယ် ရော၍ အဆီမပါတဲ့ နှို့မှုန့်နဲ့ ဖျော်သောက်ပါ။ အကြိမ် မည်မျှသောက်ပါလို့ ဖော်ပြမထားတဲ့အတွက် မိမိ အလိုရှိသလို သောက်သုံးပြီး ဆန္ဒပြည့်ဝကာ ကျန်းမာသက်ရှည်စွာ နေနိုင်မှာ ဖြစ်ပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online