ဘဝနေနည်း

ကိုယ့်ရဲ့ Energy ကို ဘယ်လိုမြှင့်တင်ရမလဲ ?

By Htet Khine

September 11, 2024

လူတစ်ယောက်မှာ Aura လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ Energy ဆိုတာ ရှိပါတယ်။ကိုယ့်ရဲ့ Energy က နိမ့်တဲ့အခါ မကောင်းတဲ့ အတွေးတွေ၊ ဝမ်းနည်းမှုတွေ ကြောက်စိတ်တွေ ဖုံးလွှမ်းခံရတတ်ပြီးEnergy မြင့်တဲ့အခါ သတ္တိတွေ၊ စိတ်အားတက်ကြွမှုတွေ၊ ပျော်ရွင်မှုတွေ ဖုံးလွှမ်းပါတယ်။အခုလို ကာလမှာ ကိုယ့်ရဲ့ စွမ်းအင်ဟာ အရမ်းအရေးကြီးလှပါတယ်။ ကိုယ့်ရဲ့ စွမ်းအင်ဟာ မကောင်းတဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေပြီဆို ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့ စွမ်းအင်တွေကို ပိုပြီး Attract လုပ်တတ်ပြီး ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ပတ်ဝန်းကျင်က သူတွေကို Negative Energy တွေ စပြီး ပေးပါတော့တယ်။ဒါ့ကြောင့် အောက်က ဇယားလေးအတိုင်း ကိုယ့်ရဲ့ စွမ်းအင်တွေကို Positive Energy အဖြစ် ပြောင်းလဲကြည့်ပါ။

Meditationပထမဆုံးကတော့ တရားထိုင်ခြင်းပါ။ ဝင်လေထွက်လေကို ရှူရှိုက်ပြီး ကိုယ့်ရဲ့ စိတ်အာရုံကို စုစည်းပါ။ ဝင်လေတိုင်းမှာ အားအင်သစ်တွေပါလာပြီး ထွက်လေတိုင်းမှာ ကြောက်စိတ်တွေ ပင်ပန်းနွမ်းနယ်မှုတွေ ပါသွားတယ်လို့ မှတ်ယူပါ။

Gratitudeကိုယ်ဟာ ကောင်းတဲ့တစ်ခုခုကို ကျေးဇူးတင်လိုက်ခြင်းဟာ စကြာဝဠာကို ဒီလိုမျိုး များများပေးပါလို့ တောင်းဆိုလိုက်တာနဲ့ တူတူပါပဲ။ ဒါ့ကြောင့် ကြောက်စိတ်တွေ၊ ဒေါသစိတ်တွေ၊ ဝမ်းနည်းစိတ်တွေ ဝင်လာတဲ့အခါ စာရွက်နဲ့ ခဲတံကို ယူပြီး ကိုယ့်ဘဝမှာ ယနေ့ထိ ကျေးဇူးတင်မိတဲ့ အရာတွေကို ချရေးပါ။

Sleepအိပ်စက်ပါ။ တစ်ခါတစ်လေ ညအိပ်ရာထဲမှာ ဖုန်းကြည့်ရင်း ရုတ်တရက် ကြောက်စိတ်တွေ၊ ဒေါသစိတ်တွေ ဖြစ်လာတတ်ပါတယ်။ အဲ့လိုဖြစ်တဲ့အခါ ဖုန်းကို ပိတ်ချပြီး အိပ်စက် အနားယူလိုက်ပါ။ နိုးထလာတဲ့အခါ ကံကောင်းခြင်းတွေနဲ့ အားအင်သစ်တွေ စောင့်မျှော်နေပါလိမ့်မယ်။

Sunနေပူဆာလှုံပါ။ နေရောင်ခြည်ဟာ စွမ်းအင်အရင်းအမြစ် ဖြစ်ပါတယ်။ နေရောင်ခြည်ထဲက ကောင်းသော စွမ်းအင်တွေကို စုပ်ယူပါ။ နေရောင်ခြည်နွေးနွေးနဲ့ ကိုယ့်ရဲ့ အသက်သွေးကြောနဲ့ တစ်သားတည်းဖြစ်နေတဲ့ ခံစားချက်ကို ထွေးပိုက်ပါ။

Natureသဘာဝနဲ့ ထိတွေ့ပါ။ လေပြည်အေးအေးရဲ့ ခံစားချက်ကို ထိတွေ့ပါ။ သစ်ပင်လေးတွေ သစ်ရွက်လေးတွေကို ထိတွေ့ပါ။ မိုးရေစက်တွေနဲ့ ထိတွေ့ပါ။ ပထဝီမြေကြီးနဲ့ ခြေထောက်နဲ့ကို ထိပါ။ သူတို့ထဲက စီးဆင်းနေတဲ့ ကောင်းတဲ့ စွမ်းအင်တွေကို တစ်ခဏလေး မျက်လုံးလေးမှ်တ်ပြီး ခံစားကြည့်ပါ။

Journaling

Journaling လုပ်တာဟာ ကိုယ့်ကိုကိုယ် ဆက်သွယ်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ စာရေးကိရိယာအစုံရှိမှ လုပ်လို့ရတာမျိုးမဟုတ်ပါဘူး။ စာအုပ်နဲ့ ခဲတံရှိရင် Journaling စလုပ်လို့ရပါပြီ။ ကိုယ်အခုခံစားနေရတဲ့ ခံစားချက်တွေ ကိုယ့်ရဲ့ အိမ်မက်တွေ ကိုယ့်ရဲ့ ဝမ်းနည်းမှုတွေစိတ်ထဲမှာရှိတာတွေကို ချရေးပါ။

Artအနုပညာနဲ့ ဆက်သွယ်ပါ။ အနုပညာဆို ပန်းချီဆွဲခြင်းတစ်မျိုးပဲမဟုတ် သီချင်းဆိုတာ၊ သီချင်းနားထောင်တာ၊ ကတာ ၊ လက်မှုပစ္စည်းလေးတွေလုပ်တာ၊ ဟင်းချက်တာ၊ မုန့်စားတာ၊ ကိုယ်ကြိုက်တဲ့ idol ကို ကြည့်တာကအစ ကြိုက်တာလုပ်နိုင်ပါတယ်။ကိုယ့်ကို စိတ်ပျော်ရွင်စေမယ့် ဘယ်အရာမဆို ကိုယ့်ရဲ့ energy ကို မြင့်တက်စေပါတယ်။အချိန်ကိုသတ်မှတ်ပြီး နှစ်နာရီဆို နှစ်နာရီ ၊ သုံးနာရီဆို သုံးနာရီ အတွင်း ကိုယ်ဝါသနာပါရာကို ပြုလုပ်ပါ။ အရေးကြီးတာ ဒီသတ်မှတ်ထားတဲ့ အချိန်အတွင်း လုံးဝ အပြစ်တင်စိတ် မဖြစ်ပါနဲ့။ ဒီအချိန်လေး အတွင်းမှာ ကိုယ့်ကိုကိုယ် Focus ထားပါ။

အပြင်မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးဟာ နှလုံးသားထဲကစတင်တာပါ။ ကိုယ့်နှလုံးသားထဲမှာ ကောင်းသော energy ရှိမှ ကိုယ့်ဆီ ကောင်းသော energy တွေ ပြန်ရောက်လာမှာဖြစ်ပါတယ်။ ကြောက်စိတ်တွေ ၊ ဒေါသတွေ လွှမ်းမိုးမခံဖို့ အရေးကြီးပါတယ်။

Facebook Page တစ်ခုမှ ကူးယူဖော်ပြထားသည်။

OpenMoreOnline