ဘဝနေနည်း

ကိုယ်ချင်းစာစိတ်

By HapEye.net

September 08, 2024

မွန်းကျပ်တဲ့အရသာကို သိလို့ တစ်ဖက်လူကို လွတ်လပ်မှု ဘယ်လိုပေးရမလဲဆိုတာ တွေးပေးတတ်တယ်။

စိတ်ဖိစီးမှုကို ခံစားဖူးလို့ တစ်ဖက်လူကို စိတ်သက်သာရအောင် ပြောပေးတဲ့အကျင့်ရှိတယ်။

ရပိုင်ခွင့်တွေ ဆုံးရှုံးဖူးလို့ တစ်ဖက်လူရဲ့ ရပိုင်ခွင့်ကို လေးစားနားလည်ပေးတတ်တယ်။

ကျရှုံးဖူးလို့ တခြားသူတွေ ရှုံးနိမ့်တဲ့အခါ အပြစ်တင်မယ့်အစား အားပေးဖြစ်တယ်။

ဆုံးရှုံးဖူးလို့ ကိုယ့်အတွက် တန်ဖိုးရှိတဲ့အရာတွေကို တန်ဖိုးထားရကောင်းမှန်း သိတယ်။

ဘဝမှာ အဆိုးတွေကြုံတဲ့အခါ အဲ့ဒီအဆိုးတွေကို နောက်လူတွေ ထပ်မခံစားရအောင် ကိုယ့်ဆီကပဲ စပြီး ပြင်ဖိုကြိုးစားတယ်။

ဒါကို ကိုယ်ချင်းစာစိတ် လို့ သတ်မှတ်နိုင်ပါတယ်။ နေ့စဉ် ဘဝတွေဟာ မလွယ်ကူပါဘူး။

တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ချင်းစာစိတ် မထားဘဲ ကိုယ်ခံရသလို သူလည်း ခံရမယ်ဆိုတဲ့ စိတ်နဲ့တွေးရင်း နေ့ရက်တွေဟာ သတ်ကွင်းတစ်ခုနဲ့ တူနေပါလိမ့်မယ်။

ဘဝဟာ ဒီလောက် ခက်ခဲမနေသင့်ပါဘူး။

ဒေါက်တာ ပြည့်စုံကိုကို (အေးချမ်းပါရစေ) (နေ့စဥ်ဘဝ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ စိတ်ထားတတ်ဖို့ ဆောင်းပါးများ) မှထုတ်နုတ်တင်ပြပါသည်။

OpenMoreOnline

ဘဝနေနည်း