ဘဝနေနည်း

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ

By Hnin Oo Wai

September 16, 2020

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ

ကိုယ်ရောင်းချတဲ့ ကုန်ပစ္စည်းရဲ့ အရည်အသွေး၊ ဝန်ဆောင်မှုရဲ့ အရည်အသွေးကို ယုံကြည်မှုရှိဖို့ လိုတဲ့အပြင် ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှ အောင်မြင်မှုသရဖူကို ဆောင်းနိုင်ပါလိမ့်မယ်။ မှန်တဲ့စကားကိုပြောတာ၊ ကတိတည်တာ၊ အကျင့်စာရိတ္တကောင်းတာ၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတပြည့်စုံတာတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တိုးပွားစေပါတယ်။

မိမိကိုယ်မိမိ ယုံကြည်မှု လျှော့မသွားပဲ၊ ဒေါသမထွက်ဘဲ နားထောင်ပေးနိုင်သူက ပညာရှိပါပဲ။ Robert Frost

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။